လူတော်တော်များများမှာတော့ သွားချိုးတွေရှိကြမှာပါ။ဒီလိုဖြစ်ခဲ့မယ်ဆိုရင် တချို့ကတော့ဆရာဝန်ဆီကို ပြေးကြတာများပါတယ်။သူတချို့ကတော့ အလုပ်ရှုပ်ခံပြီး ဆရာဝန်ဆီမသွားချင်ကြပဲ ဒီလိုပဲ ဖာသိဖာသာနေတတ်ကြပါတယ်။ဒီလိုနေလို့ကြာလာပြီဆိုရင်တော့ လူပတ်ဝန်းကျင်မှာ လူတွေနဲ့ပြောဆိုဆက်ဆံတာပဲဖြစ်ဖြစ်၊ချစ်သူခင်သူတွေနဲ့ ပြောဆိုဆက််ဆံတာပဲဖြစ်ဖြစ် အမြင်မတင့်တယ်တာတွေဖြစ်လာတတ်ပါတယ်။ဒီလိုမဖြစ်ရအောင် အိမ်တွင်းသဘာဝကုထုံးလေးတွေကို တင်ပြလိုက်ရပါတယ်။

ဆေးနည်း – ၁

လိုအပ်သည့်ပစ္စည်းများ

သစ်ကြားသီးခွံ (၃၀) ဂရမ်

ရေ

ပြင်ဆင်မယ့် နည်းလမ်း

သစ်ကြားသီးခွံနဲ့ ရေကို ဇလုံတစ်ခုထဲ ရောထည့်ပြီး အဲဒါကို အချိန်(၁၅) မိနစ်ကြာ ပြုတ်ပေးပါ။ ရရှိလာတဲ့ အဲဒီအရည်ထဲ သွားတိုက်တံကို နှစ်ပြီး သွားကို ၅ မိနစ်ခန့် တိုက်ချွတ်ပေးပါ။

အဲဒီနည်းအတိုင်း မနက်၊ နေ့ခင်းနဲ့ ညတွင် ပုံမှန်ပြန်ပြန်လုပ်ပေးပါ။

ဆေးနည်း – ၂

လိုအပ်သည့် ပစ္စည်းများ

နေကြာစေ့ ထမင်းစားဇွန်း (၄) ဇွန်း

သံပုရာပွင့်

ရေ ၁ လီတာ

ပြင်ဆင်မယ့်နည်းလမ်း

ပါ၀င်ပစ္စည်းအားလုံးကို ဇလုံတစ်လုံးထဲ စုထည့် ပြီး ရေကို နောက်ဆုံးမှလောင်းထည့်ပါ။ ပြီးရင် မီးအရှိန် ပျော့ပျော့လေးနဲ့ နာရီဝက်ကြာ ပြုတ်ပါ။

ရလာတဲ့ အရည်ကိုသုံးပြီး ထမင်းစားပြီးတိုင်း သွားကို တိုက်ပေးရပါမယ်။

ဆေးနည်း – ၃

ပန်းသီးအရက် ရှာလကာရည်ကိုလည်း သွားချေးတိုက်ချွတ်ဖို့ အသုံးပြုနိုင်တယ်။

ဒါပေမယ့် တစ်ပတ်တစ်ကြိမ်သာ လုပ်ပေးသင့်ပါတယ်။

သွားတိုက်တံကို ပန်းသီးရှာလကာရည်ထဲနစ်ပြီး သွားကို ဆေးကြော သန့်စင်ပေးပါ။

သွားအပေါ်ယံကြွေသားတွေ မပျက်စီးစေဖို့ရန်အတွက် ခံတွင်းနံရံ နှံ့စပ်အောင် အရင် ဆေးကြောသန့်စေပေးပါ။ 

သတင်းအရင်းအမြစ် - သတင်း၊ဟာသ၊မီဒီယာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။