မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ မန်စီးတီးအသင်းက ၂ ဂိုး ၀ ဂိုး နဲ့အနိုင်ရရှိခဲ့ပြီး နိုင်ပွဲဆက်နေခဲ့တာလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်နှစ်ပွဲဆက် အနိုင်ယူခဲ့ပြီး ရမှတ် ၆ မှတ်နဲ့ ဇယားထိပ်ဆုံး မှာရပ်တည်နေတာလည်းဖြစ်ပါတယ်။ရှက်တာဒိုးနက်အသင်းကတော့ နာပိုလီနဲ့အမှတ်တူ အဆင့် ၃ နေရာမှာရပ်တည်နေတာလည်းဖြစ်ပါတယ်။

မန်စီတီးအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဆာနေး၊ အဂူရို၊ ဂျီဆပ်၊ ဆေးဗာလ်း၊ ဖာနန်ဒင်ဟို၊ ဒီဘရူနီ၊ ဒီလပ် တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ရှက်တာဒိုးနက်အသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ ဖာရဲရား၊ ဘားနတ်၊ တိုင်ဆန်၊ မာလို့စ်၊ ဖရတ်၊ စတင်ပင်နန်ကို တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။မန်စီးတီဟာ ဒီထက်ဂိုးပိုမိုရရှိနိုင်ခဲ့သင့်ပေမဲ့ ရှက်တာဒိုးနက် အသင်းဟာ အကောင်းဆုံး ပိတ်ဆို့နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

မန်စီးတီးအသင်းအတွက် အဖွင့်ဂိုးကိုတော့ ဒုတိယပိုင်းမှာ စတင်ရရှိခဲ့တာဖြစ်ပြီး ဒီဂိုးကိုတော့ ၄၈ မိနစ်မှာ ဒီဘရူနီက သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းအတွက် အနိုင်သေချာစေမဲ့ဂိုးကိုတော့ မိနစ် ၉၀ မှာ စတာလင်းကသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းဟာ နောက်တစ်ပွဲမှာ နာပိုလီအသင်းနဲ့ တွေ့ဆုံရမှာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။