စက်တင်ဘာ(၂၆)ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌ ရွေးချယ်ပွဲတွင် စားပွဲပေါ်တတ်ပြီး သတင်းယူခဲ့တဲ့ အဂါဝရဖြစ်စေခဲ့တဲ့အတွက် တာဝန်ရှိတဲ့ သတင်းမီဒီယာဌာနမှ ပြန်လည်တောင်းပန်လိုက်ကြောင်း သိရပါတယ်။ ထို့ကြောင့် ယနေ့ စက်တင်ဘာ(၂၇)ရက်နေ့တွင် သက်ဆိုင်ရာသတင်းဌာနဖြစ်တဲ့ 7Day tv သတင်းဌာနက ၎င်းတို့ သတင်းဌာနမှ သတင်းထောက်ဖြစ်ကြောင်းနှင့် ပြန်လည်တောင်းပန်စာကို ပေးပို့ တောင်းပန်လိုက်တယ်လို့ သိရပါတယ်။

ရုပ်ရှင်ဥက္ကဌဦးလူမင်းကလည်း ၎င်းရဲ့ fb စာမျက်နှာမှ တစ်ဆင့် တောင်းပန်စာရရှိကြောင်းနှင့် တောင်းပန်မှုအတွက် ကျေနပ်ပါကြောင်းကို အခုလို ပြောကြားထားပါတယ်။ “7Day tv မှ ရုပ်သံသတင်းထောက် ဒေါ်အေးမြတ်သူသည် မိမိ၏ အများအား တာဝန်ယူမှုအပြည့်ဖြင့် ဝန်ခံတောင်းပန်လာခြင်းအပေါ် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှလည်း လေးစားစွာ အသိအမှတ်ပြုအပ်ပါသည်” ဟု ပြောကြားထားပါတယ်။

ရုပ်ရှင်အစည်းအရုံးရွေးချယ်ပွဲအပြီးတွင် အမျိုးသမီးသတင်းထောက်တစ်ဦးက စားပွဲပေါ်တတ်ပြီး သတင်းယူခဲ့ပုံကို သရုပ်ဆောင် ကျော်ဇင်ထွဋ်ရဲ့ အမှတ်မထင်ရိုက်ခဲ့တဲ့ Selfie ဓာတ်ပုံမှ သိရှိခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်ပြီး အနုပညာရှင်များနှင့် ပရိသတ်များက ဝေဖန်မှုများရှိခဲ့တာ ဖြစ်ပြီး ရုပ်ရှင်အစည်းအရုံးဥက္ကဌ ဦးလူမင်းမှလည်း သက်ဆိုင် သတင်းဌာနကို ပြန်လည်တောင်းပြန်ရန် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။