အာဆီယံရဲ့အကောင်းဆုံးဘောလုံးသမား

ပြီးခဲ့တဲ့ဘာလီမှာကျင်းပခဲ့တဲ့အာဆီယံအကောင်းဆုံးဆုပေးပွဲမှာထိုင်းအလယ်တန်းကစားသမားချန်နာတစ်က2017ခုနှစ်

အာဆီယံအကောင်းဆုံးဘောလုံးသမားဆုကိုရရှိခဲ့ပါတယ်။

ချန်နာတစ်ဟာလက်ရှိဂျပန်ဂျေလိဂ်ကလပ်

ဆပ်ပိုရိုအသင်းမှာကစားနေပြီးပြီးခဲ့တဲ့2016ဆူဇူကီးဖလားမှာ

ပြသခဲ့တဲ့ခြေစွမ်းတွေအရအာဆီယံအကောင်းဆုံးကစားသမား

ဆုကိုရရှိခဲ့တာပါ။

ထိုင်းမက်ဆီလို့ချစ်စနိုးခေါ်ကြတဲ့သူဟာလက်ရှိအာဆီယံဘောလုံးကမှာအကောင်းဆုံးဆိုတာငြင်းချက်ထုတ်စရာမလိုပါဘူး။

ဂျေလိဂ်ကလပ်ဆပ်ပိုရိုမှာဆိုရင်လည်းline-upဝင်ကစား

သမားတစ်ယောက်ဖြစ်သလိုဂျပန်နာမည်ကြီးကွင်းလယ်လူ

ရှင်ဂျီအိုနိုနဲ့အတူတွဲကစားနေတာပါ။ချန်နာတစ်ကိုအားပေးတဲ့

ဂျပန်ပရိသတ်တွေလည်းတဖြည်းဖြည်းများပြားလာနေပါပြီ။

အရင်ကဗီယက်နမ်တိုက်စစ်မှူးလီကောင်ဗင်လည်းဆပ်ပိုရိုမှာကစားခဲ့ဖူးပေမယ့်အောင်မြင်မှုမရခဲ့ပါဘူး။ချန်နာတစ်လက်ထက်မှာကျတော့တောင်ပတဲ့ခြေစွမ်းတွေကို

ပြသနေပြီးနောက်ထပ်အာဆီယံပလေယာတွေကိုလည်း

ဂျေလိဂ်မှာထပ်မံမြင်တွေ့ရဖို့များနေပါတယ်။

ထိုင်းသတင်းတွေရဲ့အဆိုအရနောက်ထပ်ထိုင်းပလေယာ

5ယောက်လောက်ကိုနောက်နှစ်ဂျေလိဂ်မှာမြင်တွေ့ရဖို့

များတယ်လို့ပြောပြပါတယ်။ချန်နာတစ်ကတော့

အာဆီယံပြယုဂ်ကစားသမားတစ်ဦးဖြစ်လာပါပြီ။

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။