ပရိသတ်ကြီးရေ ရခိုင်ပြည်နယ်ရှိ ဒုက္ခရောက်နေကြတဲ့ တိုင်းရင်းသားများအတွက် အနုပညာရှင်တွေနဲ ့ပြည်သူတွေဟာ တတ်နိုင်တဲ့ဘက်ကနေ တစ်ဖက်တစ်လမ်းက ကူညီပေးကြလျက်ရှိပါတယ်။ အနုပညာရှင်များဦးဆောင်တဲ့ ပရဟိတအဖွဲ ့တွေဟာလည်း ဒုက္ခသည်များဆီကိုယ်တိုင်အရောက်သွားပြီး ကူညီလှူဒါန်းမှုများ ပြုလုပ်နေကြတာကို တွေ ့ရပါတယ်။

အခုဆိုရင် အလှမယ် နန်းခင်ဇေယျာတို ့ရဲ ့Miss Myanmar Charity Group (MMCG) ဟာ စက်တင်ဘာလ ၂၆ ရက်နေ ့က ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော ဒေသများမှ နေရပ်စွန့်ခွာလာကြတဲ့ အကြမ်းဖက်ရှောင် ရခိုင်တိုင်းရင်းသားများနဲ ့ ဟိန္ဒူ ဗုဒ္ဓဘာသာ ဒုက္ခသည်များနေထိုင်နေတဲ့ ကူညီစောင့်ရှောက်ရေးစခန်းများထဲမှ

၁။ အလိုတော်ပြည့် လူမှုကယ်ဆယ်ရေးစခန်း

၂။ ဦးပညာလောက သာသနာပြု မရမာကြီး ကျောင်းသစ်

၃။ အသျှင်ဓမ္မပါလကျောင်းတိုက်

၄။ ဓညဝတီ အားကစားရုံ

၅။ မဟာသီဝ ဟိန္ဒူဘုရားရှိခိုးကျောင်းတော်ကြီး

တို့ အားသွားရောက်ခဲ့ပြီး အဓိက လိုအပ်သော ဆန်အိတ်များ၊ အစားအသောက်များနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပါတယ်။

ဒါ့အပြင် အလှူရှင်များ ပေးအပ်လှူဒါန်းထားသော အလှူငွေများကိုလည်း ကိုယ်တိုင်ကိုယ်ကျ ပေးအပ်လှူဒါန်းခဲ့တယ်လို ့သိရပါတယ်။ နန်းခင်က သူမတို ့

အဖွဲ ့ရဲ ့ သာဓုခေါ်ဆိုဖွယ် မွန်မြတ်လှတဲ့ အလှူအတန်းပုံရိပ်တွေကိုတော့ အခုလိုပဲဝေမျှခဲ့ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။