အဆိုတော် အားတီဟာ အမိုက်စား တီးလုံးတွေ ဖန်တီးပြီး အမြဲ ခပ်မိုက်မိုက် သီချင်းတွေ ကိုယ်ပိုင် own tune တွေ နှင့် အတူ ပရိသတ်တွေရဲ့ အသိအမှတ် ပြုခြင်းကို ခံရတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ ညမွှေးပန်း သီချင်း နှင့် အတူ သူ့ကို ပိုပြီး သတိထားမိလာကြတယ်ဆိုရင်လည်းမမှားပါဘူး။ 'ချဉ်၊ ငံ၊ စပ်' စားသောက်ဆိုင် ပိုင်ရှင် ဖြစ်ပြီး မကြာခင် ကမှ fathouse ဆိုတဲ့ သီချင်းခွေကို ထုတ်ထားတဲ့ သူဟာ မခံ ချင် စိတ်ကြောင့် ကိုယ့် စိတ်ဆန္ဒ တွေရိုက်ချိုးတတ်လာတယ်ဆိုပြီး သူ့ရဲ့ ခံစားချက်ကို ပရိသတ်တွေ က်ု ရင်ဖွင့်လာပါတယ်။

အားတီဆိုရင် ပရိသတ်တော်တော် များများ မျက်လုံးထဲမှာ ခပ်ဖိုင်းဖိုင်း အသားဖြူဖြူ ဘဲကြီးဆိုပြီး မြင်ယောင်မှာပါ။ ယခု သူ့ပုံကို တွေ့ရင် အားတီ ဟုတ်လားလို့မေးယူရလောက်အောင် ပြောင်းလဲသွားတာကို တွေ့ရမှာပါ။ ဝတ်သား အရမ်းကြိုက်တယ်ဆိုတဲ့ သူက သူ့ရဲ့ ခန္ဓာကိုယ်ကို fit ဖြစ်အောင်လို့ ၂လ တိတိ ဝတ်သားမစားခဲ့ပါဘူးတဲ့။ ထမင်းမစားတာ ဆိုရင်လည်း ၃လ ရှိပါပြီတဲ့။ exercise ကို ပုံမှန်လုပ်၊ eating plab အတိုင်း ထမင်းစားပြီး cardioကိုပုံမှန်ဆော့ခဲ့တဲ့ သူက တော့ ယခုဆိုရင် အဆီတွေ အစား ကြွက်သားတွေ အစားထိုးလာနိုင်ပါပြီ။

Fat but FABULOUS ဆိုပြီး လက်ခံထားတဲ့ သူကတော့ ဝိတ်ချခဲ့ရတဲ့ အကြောင်းအရင်းက 'FAT but FABULOUS လို့လက်ခံထားတဲ့သူကျနော်က BODY SHAMING လုပ်ခံရတာမမှုဘူး ရယ် !!!! သင်္ကြန်ပြီးတော့ကျနော့်မှာစိတ်ဓာတ်ကျစရာ ပြဿနာ ကိစ္စတစ်ခုကြုံခဲ့ရတယ် ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော် အသက် ၃၂ ရောက်ပြီ ငွေရေးကြေးရေးခုထိအဆင်မပြေသေးဘူး ။ အိမ်ငှား ကားအငှား နဲ့ ရုန်းကန်နေရတုန်း ။ အလုပ်ပါးလာတယ် ။ မိုးတွင်းလည်းဖြစ်နေတော့ !!!! အဲ့တော့ စိတ်ကျအရမ်းကျနေတဲ့အချိန် စိတ်ကိုမြောင်းထဲရောက်မသွားအောင် အချိန်အများစု ကို POWER HOUSE မှာကုန်ဆုံးစေခဲ့ပါတယ် ။ မပျော်လည်း အားလုံးပျော်အောင် ပြုံးပြုံးလေး ။ တကယ်တော့ လေ့ကျင့်ခန်းလုပ်ရတာ ပျော်စရာတော့မဟုတ်ပါ ။ ကိုယ်ပင်ပန်းတာကိုယ်ဘဲသိတယ် ။ ဒါပေမယ့် လေ့ကျင့်ခန်းလုပ်ရတာ အကျင့်တစ်ခုလိုဖြစ်လာတယ် ။' ဆိုပြီး ပရိသတ်တွေကိုပြောပြခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။