ယနေ့ စက်တင်ဘာ(၂၇)ရက်နေ့ဟာ ပြည့်သူ့အချစ်တော် မင်းသမီးချော မခိုင်လေးရဲ့ မွေးနေ့ရက်လေး ဖြစ်ပါတယ်။ မခိုင်လေးဟာ သူမရဲ့ မွေးနေ့ကို ပျော်ရွှင်စွာနဲ့ ရိုးရိုးရှင်းရှင်းလေးနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းခဲ့တယ်လို့ သိရပါတယ်။ မခိုင်လေးဟာ သူမရဲ့ မွေးနေ့မှာ အလှူငွေ(၁၀)သိန်းနဲ့ အခြား လုူဖွယ်ပစ္စည်းများကို မွေးနေ့အလှူအဖြစ် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ပြင်ဦးလွင်မြို့ သုံးတောင်ကျေးရွာရှိ “မဟာဇနသုခ” မြွေဘုရားထီးတင်ရန်အတွက် အလှူငွေ(၁၀)သိန်းကို လှူဒါန်းခဲ့ပြီး ပြင်ဦးလွင်ရှိ ပရဟိတ မျက်မမြင်ဘက်စုံပညာသင်ကျောင်းမှ ကျောင်းသား (၁၂၈)ဦးအတွက် မျက်နှာသုတ်ပုဝါများနှင့် သွားတိုက်ဆေးဗူးများကိုလှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ထို့ပြင် မခိုင်လေးက သူမရဲ့ မွေးနေ့ကိတ်ကို ပျော်ရွှင်စွာနဲ့ပဲ ရိုက်ကွင်းမှာပဲ အဖွဲ့သားများနှင့်အတူ ခွဲခဲ့တာ ဖြစ်ပြီး လုပ်ဖော်ကိုင်ဖက် စက်အဖွဲ့သားများကိုလည်း မွေးနေ့အမှတ်တရ အဖြစ် ပုဆိုးတစ်ကွင်းစီ လက်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

မခိုင်လေးရဲ့ အနုပညာလှုပ်ရှားမှုတွေ အနေနဲ့ကတော့ ကြောညာများ ရိုက်ကူးပေးနေပြီး ရုပ်ရှင်ဇာတ်ကားများလည်း ဆက်တိုက်ရိုက်ကူးနေတယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ ပြင်ဦးလွင်မှာ ရောက်ရှိနေပြီး “သူယောင်မှော်” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ထိုရုပ်ရှင်ဇာတ်ကားမှာတော့ ပြေတီဦး၊ ခိုင်သင်းကြည်၊ ခင်လှိုင်၊ ဂွမ်းပုံနှင့် ဝါဝါအောင်နှင့် အခြားသရုပ်ဆောင်များစွာ ပါဝင်တယ်လို့ သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။