နန်းဆုရတီစိုးဟာ “ရူးအောင်ချစ်ရသူ” ဆိုတဲ့ သီချင်းလေးတစ်ပုဒ် ထွက်ရှိထားပြီး ထိုသီချင်းလေးကို ပရိသတ်တွေကို အကြိုက်တွေ့စေခဲ့ပြီး သီချင်းလေးထွက်ရှိပြီး (၂၄)နာရီ မပြည့်ခင်မှာပဲ ဝင်ရောက်ကြည့်ရှုသူ တစ်သန်းကျော်သွားခဲ့ပါတယ်။ နန်းဆုဟာ သူမရဲ့ သီချင်းလေးမှာ ပါဝင်ကူညီသူတွေကို သူမရဲ့ fb မှ တစ်ဆင့် ကျေးဇူးတင်စကားဆိုထားပါတယ်။

အဲ့ဒီ ပို့စ်ရဲ့ အောက်မှာတော့ “ကွန်ကွန်ပါ မကြီးရေ” လို့ ပြောထားတာ တွေ့ရပါတယ်။ “(၂၄)နာရီအတွင်း ကြည်ရှုသူ တစ်သန်းကျော်သွားတဲ့ နန်းဆုရတီစိုးရဲ့ သီချင်းသစ်” ဆိုတဲ့ ပို့စ်ကို နန်းဆုက Share ထားပြီး အဲ့ဒီပို့စ်ရဲ့အောက်မှာလည်း “အခု နှစ်သန်းဖြစ်သွားပြီ မကြီးရေ.. ဟဲဗီး ဝမ်းသာတယ်ဗျို့” လို့ လည်း Gfatt က ပြောထားပါတယ်။

ထိုသီချင်းလေးထဲက မင်းသားမျက်နှာ မပြတဲ့ အကြောင်းကိုလည်း နန်းဆုက အခုလို့ပြောထားပါတယ်။

"MV ထဲမှာ actor မျက်နှာ မပြတာက Actor & Director တို့ စီစဉ်ဆုံးဖြတ်တာပါရှင့်

နန်းဆုက မပြချင်လို့ မဟုတ်ရပါဘူးနော် ???

တစ်ချို့ အထင်လွဲနေကြလို့ ရှင်းပြတာပါ

ရူးအောင်ချစ်ရသူ သီချင်းလေးကို အားပေးကြတဲ့ ချစ်ပရိတ်သတ်အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်နော် ??" ဟု ပြောထားတာ တွေ့ရပါတယ်။ ပရိသတ်တွေကတော့ သီချင်းလေးထဲက သရုပ်ဆောင်မင်းသားဟာ gfatt ဖြစ်တယ်လို့ ပရိသတ်အားလုံးက ပြောထားကြပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။