အမျိုးသမီးပိုင်းလော့ မေပြည့်စုံအောင်ကို 1995 Feb 12 မှာ အဘ ဦးစိုးမြတ် အမိ ဒေါ်သိန်းအောင် တို့မှ ရန်ကုန်မြို့တွင် ဖွားမြင်ခဲ့သည်။ တစ်ဦးတည်းသော သမီးဖြစ်ပြီး ၂၀၁၁ တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး ဒဂုံတက္ကသိုလ်သို့ တက်ရောက်ပညာသင်ကြားခဲ့သည်။ လက်ရှိကာလတွင် လူမှုကွန်ရက်နှင့် သတင်းဌာနများတွင်ပါလူသိများထင်ရှားလျက်ရှိသည်။ 

စတင်သတိထားမိပုံမှာ လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့သော လေယာဉ်မောင်းလေ့ကျင့်နေစဉ် Selfie ရိုက်ထားသည့်ဓာတ်ပုံများကြောင့် လူသိများသတိထားမိလာရခြင်းဖြစ်ကာသတင်း စာမျက်နှာများတွင် ဖော်ပြခြင်းခံရသည်။ပုသိမ်မြို့တွင်ဖွင့်လှစ်ထား သော Myanmar Aviation Academy လေယာဉ်မောင်းသင် တန်း၌ Cadet Pilot အဖြစ် ပညာသင်ကြားနေသူဖြစ်သည့် မေပြည့်စုံအောင်၏ လေယာဉ် ကွင်းပေါ်မှ ဓာတ်ပုံများ၊ အလှရိုက်ကူးထားသော ဓာတ်ပုံများမှာ ကြိုက်နှစ်သက်၍ ပြန်လည်မျှဝေ သူများအတော်လေးတိုးပွားလာခဲ့သည်။

မေပြည့်စုံအောင်သည် ၂၀၁၁ တွင် အထက(၁) ဒဂုံမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ သည်။မေပြည့်စုံအောင်က ၎င်း၏ စိတ်ကူးအိပ်မက်မှာ လေယာဉ်မှူး ကောင်းတစ်ဦးဖြစ်လာရေးဖြစ်ကြောင်း သိရှိရသည်။

Aung

Source: လူမှုကွန်ရက်စာမျက်နှာများ၊ 7day

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။