စာရေးသူတို့ငယ်စဉ်ကတည်းက လေးစားအားကျအတုယူရတဲ့ ဂီတသမားတွေထဲက တစ်ယောက်ကတော့ Iron Cross တေးဂီတအဖွဲ့က ဂီတာပညာရှင် ချစ်စမ်းမောင်လည်းအပါအဝင်ဖြစ်သည်။ချစ်စမ်းမောင်သည် ဟင်္သာတမြို့နယ်၊ ဓမ္ဘီတိုက် ၊ နွယ်ခွေရွာနေ အဖဦးယူစီ နှင့် အမိဒေါ်အေးကြည်တို့မှ မွေးဖွားခဲ့သည်။သိတတ်စအရွယ်မှစ၍ ဂစ်တာဆိုတာကို စိတ်ဝင်စားခဲ့သူတစ်ယောက်ဖြစ်သည်။ အသက် ၄ နှစ်ကျော် အရွယ် ကပင် စတင်၍ ဂစ်တာ တီးခဲ့ပြီး ယခုအချိန်အထိ လိဒ်ဂစ်တာကိုသာ တစိုက်မတ်မတ် တီးခတ်သူ ဖြစ်သည်။ 

ငယ်စဉ်က ဘုရားကျောင်းတက်ရင်း ဂစ်တာကို စတင်တီးခတ်ခဲ့သူ ဖြစ်သည်။ ပထမဆုံးကြားခဲ့ရသော ဂီတသံတစ်ခုမှာ ဂစ်တာဦးညို၏ သံစဉ်တစ်ခုပဲဖြစ်သည်။ မွေးဖွားရာဇာတီလေးမှာနေရင်း ဂစ်တာတီးရတာ အားမရနိုင်တော့တဲ့ တစ်နေ့မှာတော့ ရန်ကုန်မြို့ကိုရောက်လာခဲ့ပါတယ်. ရန်ကုန်ကအမအိမ်မှာနေထိုင်ရင်း (MYC) ဘုရားကျောင်းမှာ ဦးဘွဲ့ (ဆရာစောဘွဲ့မှူး)နဲ့ စတင်တွေ့ခဲ့ရပါတယ်။သူရဲ့စိတ်ဝင်စားမှုတစ်ခုကို အရောင်တင်ပေးလိုက်တဲ့ဆရာသမားတွေကတော့ စောဘွဲ့မှူး၊ ဆရာစိုင်း နဲ့ ကြားသမျှမြင်ခဲ့သမျှအရာအားလုံးတို့ပဲဖြစ်ပါတယ်။ 

သူပြောခဲ့တဲ့ စကားလေးတစ်ခွန်းကတော့ မေ့သွားစရာမရှိပါဘူး... ဒါဟာ လူတိုင်းလဲ အတုခိုးသင့်တဲ့အရာလေးပေါ့လေ..."ကျွန်တော်ဂစ်တာတီးနေပေမယ့် ဂစ်တာပညာဟာ အဆုံးမရှိပါဘူး... ပြီးဆုံးသွားတယ်ဆိုတာ မရှိတဲ့ပညာရပ်တစ်ခုပါပဲ... အမြဲလေ့လာနေရဆဲပါ... ကိုယ့်ကိုကိုယ်အောင်မြင်ပြီလို့ မယူဆသေးပါဘူး... လေ့လာဆဲလေ့ကျင့်နေရဆဲပါလို့" ပြောခဲ့ပါတယ်...တကိုယ်တော် လက်စွမ်းပြ ဆိုလိုစီးရီးအဖြစ် ခြောက်ကြိုးကဝေ အမည်ရှိ စီးရီးကို ထုတ်ဝေခဲ့ရာ ဂီတလောက တွင် ပြောစမှတ်တွင်သည့် စီးရီးတခွေဖြစ်ခဲ့သည်။ ချစ်စမ်းမောင်သည် အိုင်စီရှိုးတိုင်းတွင် ဂစ်တာဆိုလို တီးခတ်၍ ပရိသတ်အား ဖမ်းစားနိုင်သူဖြစ်သည်။

Aung

Source : Internet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။