ပုဇွန်တောင်မြို့နယ် မဟာဗန္ဓုလလမ်းမပေါ်တွင် ပရိုဘောက်အငှားယာဉ်တစ်စီး ဆီပိုက်ပေါက်၍ မီးလောင်ကျွမ်းမှုဖြစ်ပွား

နိုဝင်ဘာလ ၄ ရက် နံနက် ၇ နာရီကျော်ခန့်တွင် ပုဇွန်တောင်မြို့နယ် အမှတ် ၂ ရပ်ကွက် ၅၃ လမ်းနှင့် ဗိုလ်တစ်ထောင်ဘုရားလမ်းကြား မဟာဗန္ဓုလလမ်းမပေါ်တွင် Probox အငှားယာဉ်တစ်စီး မီးလောင်နေကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ငြိမ်းသက်ခဲ့ကြောင်း သိရသည်။ မီးငြိ်မ်းသက်ယာဉ်နှစ်စီးနှင့် လာရောက်ငြှိမ်းသက်ခဲ့ပြီး မီးလောင်ကျွမ်းမှုမှာ ၅ မိနစ်ခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။

"ဆီပိုက်ပေါက်ပြီး စလောင်တယ်လို့တော့ ထင်တာပဲ။ မီးလောင်တာက ငါးမိနစ်ကျော်လောက်တော့ကြာမယ်။ မီးသတ်တွေလည်း အကောင်းဆုံး ငြိမ်းသက်နိုင်တာကို တွေ့ရပါတယ်" ဟု မီးလောင်ကျွမ်းမှုအား မြင်တွေ့ရသူတစ်ဦးက ဆိုပါတယ်။

ယင်းသို့ မီးလောင်ကျွမ်းမှုကြောင့် အင်ဂျင်ခန်း ရှေ့ခန်း နှင့် ထိုင်ခုံများ မီးလောင်ကျွမ်းခဲ့ပြီး ယာဉ်မောင်းမှာ ယာဉ်ကိုထား၍ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်အား ပုဇွန်တောင်မြို့မ ရဲစခန်းက (ပ) ၂၁၈ ၂၀၁၆ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Source: Daily news

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။