သူကတော့ အားလုံးသိကြတဲ့ စိုင်းစိုင်းခမ်းလှိုင်ပါ ။ စိုင်းစိုင်းတို့ကတော့ ရောက်ရာနေရာမှာ Top ပါပဲ ။

ယခုလည်း Viber မှာ အကောင့်စစဖွင့်ချင်းမှာပဲ Follower 6 သိန်းကျော်သွားခဲ့ပါတယ် ။

စိုင်းစိုင်းဟာ ဂီတလောကမှာ အောင်မြင်မှု ရှည်ကြာနေပြီဖြစ်တဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲ့အတွက်

အမာခံအားပေးတဲ့ ပရိတ်သတ်တွေကတော့ မနည်းမနောပါပဲ ။ ခုချိန်ထိ နှုတ်ခမ်းနီမလေးတွေရဲ့ ၀န်းရံခြင်းခံနေရတဲ့ လူပျိုကြီးတစ်ဦးလဲဖြစ်ပါတယ် ။

သူ့ရဲ့ Public Relation Skill ဟာ လူတိုင်းက သတိပြုမိလောက်တဲ့ထိ ကောင်းမွန်လွန်းသူမို့ ပရိတ်သတ်တွေက ပိုမိုချစ်ခင်ဝန်းရံနေကြတာပါ ။

မကြာသေးခင်ကမှ သူ့ရဲ့ မိတ်ကပ်မပါတဲ့ Snapshot Photo တစ်ပုံကို Facebook မှာ Profile picture အဖြစ်တင်လိုက်ပေမယ့်

အသက်တွေကြီးလာလည်း အချစ်တွေ မလျော့ဘူးဆိုတာ ခု Viber account ရဲ့ တစ်ညအတွင်း Follower လာလုပ်ကြတဲ့ Follower တွေက သက်သေပါပဲ ။

စိုင်းစိုင်းကတော့ ပျော်ရွှင်နေပြီး

" တကယ်ပါဗျာ

Viber Account ဖွင့်တာ တစ်ညပဲရှိသေးတယ်

တကယ် ကျေးဇူးကမ္ဘာ " လို့ သူ့ပရိတ်သတ်တွေကို ပြောကြားထားပါတယ် ။ 

သတင်းအရင်းမြစ် Sai Sai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။