ဂျပန်ဆောင်းကိုမမှုတဲ့စိုးမြတ်မင်း

ဖိုးခွားလို့ချစ်စနိုးခေါ်ကြတဲ့စိုးမြတ်မင်းဂျပန်မှာ

ဘောလုံးပညာရပ်တွေကိုသင်ကြားနေပါတယ်။

စိုးမြတ်မင်းဟာနေရှင်နယ်လိဂ်ကိုယ်စားပြု

နည်းပြတစ်ယောက်အနေနဲ့နည်းပြပညာရပ်တွေကို

သင်ကြားဖို့နိပွန်ပြည်ကိုရောက်နေခဲ့တာပဲဖြစ်ပါတယ်။

ဂျပန်မှာဒီချိန်ဆိုအရမ်းအေးနေပါပြီ။

ခိုက်ခိုက်တုန်အောင်အေးလှတဲ့ဂျပန်ဆောင်းကိုစိုးမြတ်မင်း

မမှုပါဘူး။

သူငယ်ချင်းတွေဖြစ်တဲ့ဘိုဘိုအောင်၊ရဲဝင့်သူစသူတို့

အနွေးထည်လေးတွေဝတ်ပြီးဂျပန်ဆောင်းကိုအံတုနေချိန်မှာ

သူကတော့လက်ပြတ်လေးနဲ့ပါ။ဖိုးခွားပဲများနေတာလား

အနွေးထည်ဝတ်ဖို့မေ့ခဲ့တာလားဆိုတော့သူပဲသိမှာပါ။

ဘယ်လိုပဲဆိုဆိုအရမ်းအေးတဲ့ဂျပန်မှာတော့

ကျန်းမာရေးဂရုစိုက်စေချင်ပါတယ်။

စိုးမြတ်မင်းရန်ကုန်ကိုအမြန်ပြန်လာမှတော့ရမှာပါ။

ဘာလို့လဲဆိုတော့သူ့အသင်းဖြစ်တဲ့ရှမ်းကရန်ကုန်နဲ့

ပွဲမှာရလဒ်မကောင်းခဲ့ဘူးမဟုတ်လား။

ဒါပေမယ့်ဂျပန်သင်တန်းကရက်တိုဖြစ်လို့

သူမကြာခင်မှာပြန်လာတော့မှာပါ။

ဂျပန်ကနေသင်ကြားလာတဲ့နည်းစနစ်တွေနဲ့

ရှမ်းအသင်းကိုအကောင်းဆုံးဦးဆောင်မှု

ပေးပြီးနေရှင်နယ်လိဂ်ချန်ပီယံဆုကြီးကိုဆွတ်ခူးနိုင်ပါစေလို့။

Photo-Ye wint thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။