ယမန်နေ့ညကတော့ ချန်ပီယံလိဂ်အုပ်စု ဒုတိယ ပွဲစဉ်များ ကစားခဲ့ပါတယ်။ မန်ချက်စတာယူနို်င်တက်ကတော့ အုပ်စုတွင်း ပြိုင်ဘက် CSKAမော်စကိုနှင့် ကစားခဲ့ပါတယ်။ မန်ချက်စတာယူနိင်တက်ကတော့ အင်အားအပြည့်နှင့်ကစားခဲ့ပါတယ်။ ကွင်းလယ်မှာတော့ ဒဏ်ရာရနေတဲ့ ပေါ့ဘာနှင့် ဖယ်လိုင်နီတို့ မပါခဲ့ပါဘူး။

မန်ချက်စတာယူနိင်တက်ကတော့ ပွဲစတယ်ဆိုတာနှင့် ဖိကစားခဲ့ပါတယ်။ ပွဲချိန် ၄မိနစ်မှာပဲ ဦးဆောင်ဂိုးကို မန်ချက်စတာယူနိုင်တက်က ရရှိခဲ့ပြီး မာရှယ်ရဲ့ပေးပို့မှုကနေ လူကာကူကသွင်းခဲ့တာပါ။ ပွဲချိန် ၁၉မိနစ်မှာ မန်ချက်စတာယူနိုင်တက်အသင်း ပင်နယ်တီရရှိခဲ့ပါတယ်။ ရရှိခဲ့တဲ့ ပင်နယ်တီကို မာရှယ်က ဂိုးအဖြစ်ပြောင်းလဲခဲ့ပါတယ်။

ပွဲကစားချိန် ၂၇မိနစ်မှာ မန်ချက်စတာယူနိုင်တက်က တတီယဦးဆောင်ဂိုးရရှိခဲ့ပြီး လူကာကူက သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်း ၅၇မိနစ်မှာတော့ အမ်ခီတာရန်းက ၄ဂိုးမြောက်ကို သွင်းယူခဲ့တာပါ။ CSKAမော်စကိုအတွက် နှစ်သိမ့်ဂီုးကို ပွဲချိန်၉၀မှာ ကူချက်ကသွင်းယူပေးခဲ့ပါတယ်။ ပွဲအပြီးမှာတော့ မန်ချက်စတာယူနိင်တက်က ၄-၁ဂိုးရလဒ်ဖြင့် အနိုင်ရခဲ့ပါတယ်။

Hein (Mg Lu Aye)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။