မနက်က ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ PSG အသင်းက ဘိုင်ယန်မြူးနစ်အသင်းကို ၃ ဂိုး ဝ ဂိုး နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ဂျာမန်ဘီလူးကို ပညာပေးခဲ့တာလည်းဖြစ်ပါတယ်။PSG အသင်းက ချန်ပီယံလိဂ် ၂ ပွဲဆက် အနိုင်ရယူထားပြီး ရမှတ် ၆ မှတ်နဲ့ အုပ်စုထိပ်ဆုံးမှာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။ဘိုင်ယန်မြူးနစ်အသင်းကတော့ ဆဲတစ်အသင်းနဲ့ရလဒ်တူ အဆင့် ၂ နေရာမှာရပ်တည်နေတာလည်းဖြစ်ပါတယ်။

PSG အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ နေမာ၊ ကာဗာနီ၊ အမ်ဘတ်ပီ၊ သီယာဂိုမော်တာ၊ ရာဘီရော့ ၊ ဗာရက်တီတို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ လီဝန်ဒေါစကီး ၊ ဂျိန်းရော်ဒရီဂွက်၊ သောမက်မူလာ၊ ဗီဒယ်၊ တိုလီဆို၊ အယ်ကန်တာရာ တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဘိုင်ယန်မြူးနစ်အသင်းက PSG အသင်းကို ကစားကွက်အသာနဲ့ ဖိအားပေးကစားနိုင်ခဲ့ပေမဲ့ ရရှိလာတဲ့အခွင့်အရေးကို PSG အကောင်းဆုံးအသုံးချနိုင်ခဲ့တာကြောင့် ဂိုးပြတ်အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ 

PSG အသင်းအတွက် အဖွင့်ဂိုးကိုတော့ ပွဲစလို့ ၂ မိနစ်မှာပဲ ဒယ်နီရယ်အဲဗက် က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။PSG အသင်းအတွက် ဒုတိယဂိုးကိုတော့ ၃၁ မိနစ်မှာ ကာဗာနီက သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ပထမပိုင်းပြီးဆုံးချိန်မှာ PSG အသင်း နှစ်ဂိုးပြတ်နဲ့ဦးဆောင်နေခဲ့တာလည်းဖြစ်ပါတယ်။ဒုတိယပိုင်း ၆၃ မိနစ်မှာတော့ နေမာက ပွဲသိမ်းဂိုးကို သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။