ယခုလတ်တလော လူမှုကွန်ယက်ပေါ်မှာ နိုင်ငံကျော် မင်းသမီး မိုးဟေကို ရုပ်ရှင်ထုတ်လုပ်ရေး ဒါရိုက်တာ စတီးလ်နဲ့ ပရိသတ်အချစ်တော် မင်းသမီး သင်ဇာဝင့်ကျော် တို့ သုံးဦးကြားက ပြသနာဟာ လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးလို့နေပါတယ်။ သင်ဇာက ရိုက်ကွင်းပေါ်မှာ အအော်ခံခဲ့ရတာနဲ့ပတ်သတ်ပြီး စိတ်မကောင်းဖြစ်မိသလို လျော်ကြေးကိစ္စနဲ့ပတ်သတ်ပြီး သူမရဲ့ လူမှုစာမျက်နှာပေါ်မှာ ရေးသားထားခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်ပြီး လျှပ်တပြတ်ဂျာနယ်မှာ သူမက ယခုလိုပြောပြထားပါတယ်။

သူမအနေနဲ့ ဒါရိုက်တာ စတီးလ်နဲ့ ထပ်မံလက်တွဲပြီးရိက်ကူးတော့မှ မဟုတ်သလို စာချုပ်ထားတဲ့ဇာတ်ကားတစ်ကားအတွက်လည်း စရံငွေပြန်အမ်းလိုက်ပြီလို့ သူမကဆိုပါတယ်။ ရှေ့လျောက် ဇာတ်ကားတွေရိုက်ရင်လည်း ရှေ့နေငှားပြီး စာချုပ်ကို သေချာလုပ်သွားမယ်လို့ သူမကဆိုပါတယ်။

လျော်ကြေးငွေကို သုံးဆနဲ့ ရှုတင်တစ်ရက်ကုန်ကျစရိတ်ပြန်ပေးရတာဟာ ထုံးစံမရှိသလို အရင်အတွေ့အကြုံတွေအရ မရိုက်ဖြစ်ရင် စရံငွေသာပြန်ပေးခဲ့ရတာလို့ သူမကဆိုပါတယ်။ ဒါပေမဲ့လည်း သူမဖက်ကတော့ တကယ်လျော်ရမယ်ဆိုရင်လည်း ပေးလျော်မှာဖြစ်ပြီး အခုချိန်အထိတော့ မလျော်ရသေးဘူးလို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး ရုပ်ရှင်အစည်းအရုံးကို တင်ပြထားတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ သင်ဇာက ခန့်စည်သူ စိုးမြတ်သူဇာ မေသဥ္ဇာဦးတို့နဲ့အတူ မင်းသားသစ်တစ်လက်ပါဝင်ထားတဲ့ ဇာတ်ကားတစ်ကား ရိုက်ကူးနေတယ်လို့ သိရပါတယ် ပရိသတ်ကြီးရေ.........

Source: လျှပ်တပြတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။