မနက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂျူဗင်တပ်အသင်းက အိုလံပီယာကော့ အသင်းကို ၂ ဂိုး ဝ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အနိုင် သုံးမှတ် ကိုစတင်ရရှိခဲ့ပြီလည်းဖြစ်ပါတယ်။ဂျူဗင်တပ်အသင်းဟာ ဘာစီလိုနာအသင်းကို အဖွင့်ပွဲမှာ ရှုံးနိမ့်ထားခဲ့တာကြောင့် ဒီနေ့ပွဲမှာ အကောင်းဆုံး ပြန်လည်အနိုင်ယူခဲ့တာလည်းဖြစ်ပါတယ်။ဂျူဗင်တပ်အသင်းဟာ အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး အိုလံပီယာကော့ အသင်းကတော့ နိုင်ပွဲမရရှိသေးတာကြောင့် အဆင့် ၄ နေရာမှာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ကွာဒရာဒို ၊ဒေါက်ဂလက်ကော်စတာ၊ မန်ဇူကစ်၊ ရိုဒရီဂို၊ မာတွီဒီ၊ ဒီဘာလာတို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။အိုလံပီယာကော့ အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ပါဒို၊ ဆီဘာ၊ အီမန်နိူက်၊ ရိုမီယူ၊ အောဂျီဒီဂျာ၊ ဇတ်လာ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်၊ဂျူဗင်တပ်အသင်းကတော့ တစ်ကွင်းလုံးကို စိတ်ကြိုက်မွှေပြီးကစားသွားခဲ့တာလည်းဖြစ်ပါတယ်။

ပထမပိုင်းပြီးဆုံးတဲ့ အချိန်ထိ နှစ်သင်းစလုံးဟာ ဂိုးမရှိသရေရလဒ် နဲ့ ပြီးဆုံးခဲ့တာလည်းဖြစ်ပါတယ်။ဂျူဗင်တပ်အသင်းအတွက် အဖွင့်ဂိုးကိုတော့ ၆၉ မိနစ်မှာ ဟီဂူအင် က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ဂျူဗင်တပ်အသင်းအတွက် အနိုင်သေချာစေမဲ့ဂိုးကိုတော့ မိနစ် ၈၀ မှာ မန်ဇူကစ်က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။