ယမန်နေ့ညကတော့ ချန်ပီယံလိဂ်အုပ်စု ဒုတိယ ပွဲစဉ်များ ကစားခဲ့ပါတယ်။ ချယ်ဆီးအသင်းကတော့ အက်သလက်တီကိုမက်ဒရစ်၏ကွင်းမှာ သွားရောက်ကစားခဲ့ပါတယ်။ ၂သင်းစလုံးက အတောင့်တင်းဆုံး လူစာရင်းနှင့် ထွက်လာပါတယ်။ ဒါ့အပြင် ချယ်ဆီးတိုက်စစ်မှူးဟောင်း အက်သလက်တီကိုသို့ပြောင်းရွှေ့တော့မည့် ကော်စတာလည်း လာအေးပေးခဲ့ပါတယ်။

အက်သလက်တီကိုမက်ဒရစ်က ဦးဆောင်ဂိုးရရှိခဲ့ပြီး ပွဲချိန် မိနစ် ၄၀မှာ ဂရစ်ဇ်မန်းက ပင်နယ်တီကနေသွင်းခဲ့တာပါ။ ဒါ့ပေမယ့် ချယ်ဆီးအတွက် ချေပဂိုးကို မိုရာတာက မိနစ်၆၀မှာ ခေါင်းတိုက်သွင်းယူပေးခဲ့ပါတယ်။ ပွဲချိန် ၉၃မိနစ်မှာတော့ ဘတ်ရှုအာယီက ချယ်ဆီးအတွက် အနိုုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒါ့ကြောင့် ချယ်ဆီးက အက်သလက်တီကိုမက်ဒရစ်ကို ၂-၁ ဂိုးရလဒ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။

ပွဲအပြီးမှာတော့ အက်သလက်တီကိုမက်ဒရစ်တိုက်စစ်မှူး ဂရစ်ဇ်မန်းက သူ့ကြောင့် အက်သလက်တီကိုမက်ဒရစ် ရှုံးခဲ့တာလို့ပြောခဲ့ပါတယ်။ အက်သလက်တီကိုမက်ဒရစ်အသင်းတိုက်စစ်မှူး ဂရစ်ဇ်မန်းက ပင်နယ်တီ၁ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒါ့ပေမယ့် ဂရစ်ဇ်မန်းက "ကျွန်တော့်ကြောင့်အသင်းအနေနဲ့ပွဲကောင်းတစ်ပွဲမဖြစ်ခဲ့ဘူးထင်ပါတယ်။ ကျွန်တော်ရရှိခဲ့တဲ့ပင်နယ်တီသွင်းဂိုးကလွဲပြီး ကျွန်တော်ခြေစွမ်းကောင်းပြနိုင်တဲ့နေ့တစ်နေ့မဟုတ်ခဲ့ပါဘူး။” လို့ပြောခဲ့တာပါ။

Source – Mirror 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။