တစ်နေ့ သောအခါ ဆရာတော် ဦးဗုဓ် ၏ မယ်တော်ကြီး သည် မိမိ နေ အိမ် မီးလောင်သွားသော ကြောင့်သာ ဦးဇင်း ထံ သို့ ပြေး လာပါတယ်။ သူ့ခဗျာ မုဆိုးမကြီး ဆိုတော့ အားကိုးလဲ မရှိ ရှာပါဘူး။ အဲဒိအတွက် သားဦးဇင်း ထံ အားကိုး တကြီး နဲ့ ပြေး လာတာ ပါ ။

အဲဒိ အချိန်မှာ ဆရာတော် ဦးဗုဓ် က မင်းကိုးကွယ် တဲ့ ဆရာတော် ဖြစ်နေပါပြီ ။မယ်တော်ကြီး အတွက်နေစရာ အိမ်တစ်လုံးတော့ ကောင်းကောင်း ဖန်တီးပေးနိူင်စွမ်း ရှိပါတယ်။ဘုရင်ကိုယ်တိုင်က အလွန်ကြည်ညိုတဲ့ ဆရာတော် ဖြစ်တဲ့အတွက် လာဘ်လာဘပေါများမယ် ဆိုတာ ယုံမှားဖွယ် မရှှိပါဘူး။ ဒါယကာတွေကို

မယ်တော့်အိမ် မီးထဲပါသွားတယ်လို့ပြောလိုက်တာ နဲ့ ကိစ္စပြီးနိူင်ပါတယ်။

ဒါပင်မဲ့ ဆရာတော် ဦးဗုဓ် က မယ်တော်ကြီး လာတဲ့အခါ မှာ ဘာမေး လဲဆိုတော့…

” ခု မယ်တော်ကြီးအိမ် မီးထဲပါသွားပြီ။

ဘာတွေကျန်သေးလဲ လို့မေးပါတယ်။ ဒီအခါမှာ မယ်တော်ကြီး က အားကိုးတကြီး နဲ ့တပည့်တော်မ မှာ အခုဝတ်ထားတဲ့အဝတ်နဲ့ ပခုံး ပေါ်က ဒီတဘက် တစ်ထည်ပဲ ကျန်ပါတော့ တယ်ဘုရား…လို့ လျှောက်လိုက် ပါတယ်။

ဆရာတော် ဦးဗုဓ် က

” မယ်တော်ကြီးရှေ့က ပြုခဲ့တဲ့ အကုသိုလ်တွေကြောင့် ခုလိုဒုက္ခတွေ ရောက်ရတာ ။ ဒါကြောင့် ကုသိုလ်ပြုပါဆို ပြီး ပုခုံးပေါ်က တဘက်လေးကိုအလှူခံ လိုက်ပါတယ်။ ဆရာတော်ဘုရား ဟာ ပညာရှိဖြစ်သည့် အားလျှော်စွာ ပြုမူဆောင်ရွက်ခဲ့တာပါ။ ဒါကြောင့် ဆရာတော် အပြုမူ ဟာနောက်လူတွေ အတွက် လမ်းပြသွားတာမှတ်သား စရာပါ။

ဦးဇင်း တို့တွေဟာ တစ်ခါတစ်လေမှာ ကောင်းတာတွေ လဲ လုပ်ပါလျှက် မှန်မှန် ကန်ကန် လဲလုပ် ပါလျှက် ဒုက္ခတွွေကြုံတွေ့ရရင် ဒါရှေ့အကုသိုလ်အကျိုးပေးလာပြီ လို့သိရပါမယ်။ အဲဒါမျိုးအချိန်ကြရင် ကုသိုလ် တစ်ခုခု ကိုပြုလိုက်ပါ ။ ဒါဆိုရင်လက်ရှိအကျိုးပေးနေတဲ့ အကုသိုလ်တွေ အနည်းငယ်တော့ အားပျော့ သွား ပါ လိမ့်မယ် ။တော်ရုံ အကုသိုလ်ဆိုရင် တော့ပျောက်ကွယ် သွားပါ လိမ့် မယ် သူတော်ကောင်း တို့ ။

တစ်ချို ့ဆိုရင် အကုသိုလ်တွေ လုပ်နေ ပြီးအောင်မြင် နေတာ တွေ့ရ တတ် ပါတယ်။ဒါဟာရှေ့ ကသူပြုခဲ့တဲ့ ကုသိုလ်တွေ ရှိိနေလို့ပါ။ဥပမာ ခု လက်ရှိ အကုသိုလ် လုပ်နေပြီး လမ်း မှာ လက်စွပ်တစ်ကွင်းကောက်ရတယ် ဆို ပါ စို့ ။ ဒါဆိုရင်အဲဒိ လူဟာ ရှေ့ ကုသိုလ် ကြောင့် လက်စွပ်ထက် အဖိုး ကြီးတဲ့ အရာတစ် ခုရနိူင် ပင်မဲ့ လက်ရှိ အကုသိုလ်တွေကြောင့် လက်စွပ်ပဲ ရတော့ တာပါ ။

ကုသိုလ် တွေ ပြုပြီး လမ်းမှာဆိုင်ကယ် တိုက်မိလို့ ပေါင်ကျိုးသွားတယ် ဆိုပါ စို့ဒါဆိုရင်ဒိ လူရဲ့ ရှေ့ အကုသိုလ် ကံ က သေနိူင်လောက်တဲ့ အထိအကျိုး

ပေးမှာ ဖြစ်ပင်မဲ့ လက်ရှိကုသိုလ်ကြောင့် ပေါင်ကျိုးရုံပဲ ဖြစ်သွား တာ လို ့မှတ်သားရ ပါမယ် ။ 

ဒါကြောင့် စိတ်ညစ်စရာ ပြဿနာတွေ ဒုက္ခတွေကြံုတွေ့ လာ တိုင်း ကုသိုလ် တစ်ခုခု အမြဲပြုပါ ။ ကောင်းတာလုပ် ပါလျက်ကောင်း တာ မဖြစ်ဘူး ဆိုပြီးဘယ်တော့ မှ အား မငယ် ပါနဲ့ ရှေ့ ဘဝ က ဘယ်လောက်တာင် အကုသိုလ် တွေပြုထား မိမှန်း ကိုယ် မှ မသိနိုင်တာ။ အကယ် ၍သာ ကုသိုလ် ထပ် မပြုရင် အကုသိုလ် တွေ အကျိုးပေးချင် တိုင်း ပေခွင့် ရ သွားပါ လိမ့်မယ် ။ ကုသိုလ်လေး ခံလိုက်တော့ အကုသိုလ်် ကဝင်ချင်တိုင်းဝင်မရတော့ ဘူးပေါ့ ။

ဒါကြောင့် ကုသိုလ် ပြုဖို့ မမေ့ ကြပါနဲ့ ။

မိမိကုသိုလ်တွေ ပြုပါလျှက် နဲ့ အကုသိုလ်တွေ

ကြံုခဲ့ရင်လဲ ကုသိုလ် သာ ပြုရတာ တကယ်လဲ အကျိုး မပေးပါ ဘူူး။ မထူးပါ ဘူးလို့ ကုသိုလ် အပေါ် ယုံမှား သံသယ လုံးဝ မရှိပါ နဲ့ လို့ပြော ကြားတိုက်တွန်းလို ပါတယ် သူူူတော်ကောင်း အပေါင်း တို့။

သတင်းအရင်းအမြစ် - မြတ်ဗုဒ္ဓ၏သာသနာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။