ရုပ်ရှင်သရုပ်ဆောင် မင်းသမီးခိုင်နှင်းဝေဟာ မိဘမဲ့ကလေးများနှင့် မသန်စွမ်းကလေးများ နေထိုင်ရန်အတွက် အဆောက်အဦး ဆောက်လုပ်လှူဒါန်းမှာ ဖြစ်တယ်လို့ သိရပါတယ်။ ခိုင်နှင်းဝေက မိဘမဲ့နှင့် မသန်စွမ်းကလေးများအတွက် ဆောက်လုပ်လှူဒါန်းတာ ဖြစ်တဲ့အတွက် ပါဝင်လှူဒါန်းဖို့ကိုလည်း သူမက တိုက်တွန်းထားပါတယ်။

ခိုင်နှင်းေ၀ ပရဟိတအသင်းမှ ဆောက်လုပ်လှူဒါန်းမှာ ဖြစ်ပြီး မကြာခင် အပြင်အုတ်တံတိုင်းများကို စတင်ဆောက်လုပ်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ လိုအပ်တဲ့ အုတ်တံတိုင်း အခန်းများပေါင်း(၆၉)ခန်းလိုအပ်ပြီး ပါဝင်လှူဒါန်းလိုသူများအတွက်လည်း… အမြင့်(၁၀)ပေ × အကျယ်(၈)ပေ အုတ်တံတိုင်း (၁)ခန်းလျှင် --- (၃)သိန်း ကျပ်ဖြင့် ပါဝင်လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။

ထိုကုသိုလ်ပြုလှူဒါန်းမှုမှာ အနုပညာရှင်များနှင့်အခြားစေတနာရှင်များကလည်း ပါဝင်လှူဒါန်းထားတယ်လို့ သိရပါတယ်။ ထိုလှူဒါန်းမှုများအတွက်လည်း “အလှူရှင်များအားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လိုအင်ဆန္ဒများပြည့်ဝကြပါစေလို့ ဆုတောင်းပေးထားပြီး မိဘမဲ့နှင့် မသန်စွမ်းကလေးငယ်များ နေထိုင်ရန်အတွက် ဆောက်လုပ်လှူဒါန်းမှာ ဖြစ်တဲ့အတွက် မိတ်ဆွေ သူငယ်ချင်းများအားလုံးပဲ ကုသိုလ်ပါဝင်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်ရှင်” လို့ လည်း ပြောထားပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။