Eiffel Tower ကို ပြင်သစ် အင်ဂျင်နီယာ Gustave Eiffel ကိုအစွဲပြုပြီး ခေါ်ဝေါ်ခဲ့တာပါ။ သူနဲ့ သူ့လူစုဟာ ဒီတာဝါကို ဒီဇိုင်းဆွဲပြီးတည်ဆောက်ခဲ့တာပါ။ ၁၈၈၇ ခုနှစ်ကနေ ၁၈၈၉ ခုနှစ်အတွင်းတည်ဆောက်ခဲ့တဲ့ ဒီတာဝါကို အစတုန်းကတော့ ပြင်သစ်မှ နာမည်ကျော် ဗိသုကာပညာရှင်များ နဲ့ ပညာရှင်များ က ဒီဇိုင်းနဲ့ ပတ်သက်ပြီး ဝေဖန်ခဲ့ကြပါတယ်။ ဒါပေမယ့် ယခုအခါမှာတော့ ပြင်သစ်နိုင်ငံ ရဲ့ ဗိသုကာလက်ရာ စံနမူနာ အဖြစ်ကမ္ဘာကသိရှိနေကြပါပြီ။

Eiffel Tower ဟာ ၃၂၄ မီတာ ရှည်လျားပါတယ်။ တာဝါမှာ အထပ်သုံးထပ် ပါ၀င်ပါတယ်။ ပထမထပ် နဲ့ ဒုတိယထပ်မှာ စားသောက်ဆိုင်တွေရှိပြီး အမြင့်ဆုံးကတော့ ရှုခင်းကြည့်တဲ့ အထပ်ပါ။ Eiffel Tower ဟာ ဆက်သွယ်ရေး အတွက်လည်း အသုံးပြုပါတယ်။ ၂၀ ရာစုအစပိုင်းကတည်းက ရေဒီယိုထုတ်လွှင့်မှု တွေအတွက် အသုံးပြုခဲ့ပါတယ်။ ယခုအခါ ရေဒီယို ရော ဒစ်ဂျစ်တယ် လှိုင်းတွေပါ Eiffel Tower ကနေထုတ်လွှင့်နေပါတယ်။

Eiffel Tower ဟာ ဆောက်လုပ်ပြီးစီးတဲ့ ၁၈၈၉ ခုနှစ်မှာတော့ ကမ္ဘာ့ အရှည်ဆုံး အဆောက်အအုံအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အဲ့ဒီ့မှတ်တမ်းကောင်းကို ၁၉၂၉ ခုနှစ် Chrysler Building ကို နယူးယောက်မြို့မှာ တည်ဆောက်ပြီးစီးချိန် အထိ ထိန်းထားနိုင်ခဲ့ပါတယ်။ ယခုအချိန်မှာ တော့ စုံတွဲတွေ၊ ခရီးသွားလာသူ တွေဟာ ဒီ Eiffel Tower ကို လာရောက်လည်ပတ်ရင်း ဘဝအတွက် အမှတ်ရစရာလေးတွေ အဖြစ် အမှတ်ရနေကြမှာပါ။

Source: Wikipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။