မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ စပို့တင်းလစ္စဘွန်းအသင်းကို ဘာစီလိုနာအသင်းက ၁ ဂိုး ဝ ဂိုး နဲ့ အနိုင်ရရှိခဲ့ပြီး အဝေးကွင်းမှာ အနိုင်၃ မှတ်ကို ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ် ၂ ပွဲဆက် အနိုင်ရယူနိုင်ခဲ့တာဖြစ်ပြီး အုပ်စုထိပ်ဆုံးမှာ ရပ်တည်နေခဲ့တာလည်းဖြစ်ပါတယ်။စပို့တင်းလစ္စဘွန်း အသင်းကတော့ ဂျူဗင်တပ်အသင်းနဲ့ အမှတ်တူ အဆင့် ၂ နေရာမှာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။

စပို့တင်းလစ္စဘွန်းအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဒွန်ဘီယာ၊ အကူနာ၊ ဖာနန်ဒက်၊ မာတင်၊ ဘတ်တာဂလီယာ၊ ကာဗယ်ဟို ၊ကွန်ထရာအိုတို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဘာစီလိုနာအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ မက်ဆီ၊ ဆွာရက်၊ အင်နေယေစတာ၊ ဘတ်စကွက်၊ ရာကီတစ်၊ ရော်ဘတ်တို တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။စပို့တင်လစ္စဘွန်းအသင်းဟာ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်ကို အကောင်းဆုံးထိန်းချူပ်နိုင်ခဲ့ပေမဲ့ OG ဂိုးနဲ့ အရှုံးပေးခဲ့ရတာလည်းဖြစ်ပါတယ်။

ပထမပိုင်းမှာ နှစ်သင်းလုံးဟာ ဂိုးမရှိသရေရလဒ် နဲ့သာ ပြီးဆုံးခဲ့တာလည်းဖြစ်ပါတယ်။ဒုတိယပိုင်း ၄၉ မိနစ်မှာတော့ ဘာစီလိုနာအသင်းအဖွင့်ဂိုးစတင်ရရှိခဲ့တာဖြစ်ပြီး ဒီဂိုးကိုတော့ စပို့တင်းလစ္စဘွန်းအသင်းရဲ့ကစားသမား ကိုတက်စ်က ကိုယ့်ဂိုးကို သွင်းယူမိခဲ့တာလည်းဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။