Playboy မဂ္ဂဇင်း ကတော့ နာမည်ကျော်ပါတယ်။ အထူးသဖြင့်ပုရိသယောကျာ်းတွေကြားမှာ နာမည်ကြီးပါတယ်။ Playboy မဂ္ဂဇင်း မှာပါ၀င်တဲ့ မော်ဒယ်တွေကလည်း နာမည်ကြီးမော်ဒယ်တွေပါ။ Playboy မဂ္ဂဇင်း ရဲပ မျက်နှာဖုံးရှင်ဖြစ်ပြီဟေ့ဆိုရင် နာမည်ကတော့ ကြီးလာတာအသေအချာပါပဲ။

ဟောလိ၀ုဒ်က မာရီလင်မွန်ရိုးတောင် Playboy မဂ္ဂဇင်း မျက်နှာဖုံးမှာ ပါ၀င်ခဲ့ပါတယ်။ ယခုအခါမှာတော့ Playboy မဂ္ဂဇင်း ရဲပတည်ထောင်သူက သေဆုံးကွယ်လွန်သွားခဲ့ပါပြီ။ ဟူဟက်ဖ်နာက Playboy မဂ္ဂဇင်းကို တည်ထောင်ခဲ့သူပါ။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ရက်နေ့မှာပဲ သူဟာ ကွယ်လွန်ခဲ့တာပါ။

ကွယ်လွန်ချိန်မှာတော့ ဟူဟက်ဖ်နာ၏အသက်က ၉၁နှစ်ရှိခဲ့ပါပြီ။ သူကတော့ Playboy မဂ္ဂဇင်း နှင့် စီးပွားရေးကော ကျော်ကြားမှုကိုပါ သိမ်းပိုက်နို်င်ခဲ့ပါတယ်။ ဟူဟက်ဖ်နာအနေဖြင့် မဂ္ဂဇင်းလောကကို တစ်ခေတ်ဆန်းအောင် ဖန်တီးခဲ့ပါတယ်။ ဟူဟက်ဖ်နာတစ်ယောက် ကောင်းရာသုဂတိလားပါစေလို့ လူတွေက ဆုတောင်းမေတ္တာပို့ခဲ့ကြပါတယ်။

Hein (Mg Lu Aye)

Source – Entertainment Weekly 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။