ဒီနေ့ည ၁၁း ၃၀ မှာယှဉ်ပြိုင်ကစားမဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ဘိုရီဆော့အသင်းက အာဆင်နယ်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားသွားရမှာလည်းဖြစ်ပါတယ်။ဘိုရီဆော့အသင်းဟာ ယူရိုပါလိဂ် အဖွင့်ပွဲမှာ ကာဗီနာအသင်း နဲ့ သရေကြထားတာလည်းဖြစ်ပါတယ်။အာဆင်နယ်အသင်းကတော့ ယူရိုပါလိဂ် အဖွင့်ပွဲမှာ ကိုလုံးအသင်းကို အိမ်ကွင်းမှာ ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိထားတာလည်းဖြစ်ပါတယ်။

ဘိုရီဆော့အသင်းရဲ့ နောက်ဆုံးငါးပွဲရလဒ်မှာတော့ ၂ ပွဲနိုင် ၂ ပွဲသရေ ၁ ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။အာဆင်နယ်အသင်းရဲ့နောက်ဆုံးငါးပွဲရလဒ်မှာတော့ ၄ ပွဲနိုင် ၁ ပွဲသရေ ရလဒ်ကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။အာဆင်နယ်အသင်းရဲ့ နောက်ဆုံးငါးပွဲကို သုံးသပ်ခြင်းအားဖြင့် ခြေစွမ်း ပြန်လည်တည်ငြိမ်လာတာကို တွေ့မြင်ရပါတယ်။ဘိုရီဆော့အသင်းကတော့ အာဆင်နယ်အသင်းရဲ့ တိုက်စစ်ကို ဘယ်လိုထိန်းချူပ်သွားမလဲဆိုတာ ကိုတော့ အနည်းငယ်တွေးပူနေရမယ်ထင်ပါတယ်။

ဘိုရီဆော့အသင်းရဲ့ ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်းမှာတော့ ရိုဒီယိုနော့၊ စတာဆီဗစ်၊ အီဗမ်နစ်၊ ဂေါ်ဒီချက်၊ ဗိုလောကို၊ ပိုရာကော့ တို့ကို ထည့်သွင်းအသုံးပြုသွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။အာဆင်နယ်အသင်းရဲ့ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ ဆန်းချက်၊ ဂီရော့၊ ဝဲကော့၊ နေလ်း၊ အီဝီုဘီ၊ အယ်နီနီ တို့ကို ထည့်သွင်းအသုံးပြုသွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။အိမ်ရှင်အသင်းကပဲ မထင်မှတ်တာတွေလုပ်ပြသွားနိုင်မလား၊ အာဆင်နယ်အသင်းကပဲ အဝေးကွင်းမှာ ရလဒ်ကောင်းရယူနိုင်သွားမလားဆိုတာတော့ စောင့်ကြည့်သွားရမှာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။