နာရေးကူညီမှု ဥက္ကဌ ရုပ်ရှင်သရုပ်ဆောင် မင်းသားကြီး ဦးကျော်သူဟာ ဂုဏ်ပြုထိုက်သူတို့အား ကျေးဇူးတင်ရှိဂုဏ်ပြုခြင်းဟု ဆိုကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်လိုက်တယ်လို့ သိရပါတယ်။ ဦးကျော်သူဟာ နာရေးကူညီမှု အသင်းရဲ့လုပ်ဆောင်မှုဇာတ်လမ်းတို ငါးမိနစ်ဇာတ်လမ်းတိုမှာ ပါဝင်သရုပ်ဆောင်တဲ့ သရုပ်ဆောင်များကို ကျေးဇူးတင်တဲ့အနေနဲ့ ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

ထိုဇာတ်လမ်းတိုမှာ အေးမြတ်သူ၊ ဒေါ်မိုမို့အေး၊ ဦးချစ်ပြုံး၊ ထားထက်ထက်၊ အင်ကြင်းထူး၊ ဖြူဖြူထွေး တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ရိုက်ကူးပြီးစီးပြီးချိန်တွင် မှတ်တမ်းတင်ဂုဏ်ပြုလွှာများနှင့် အသင်းမဂ္ဂဇင်းစာအုပ်၊ T-Shirt တို့ကို အမှတ်တရဂုဏ်ပြုပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ဦးကျော်သူဟာ မိုးပြည့်ပြည့်မောင် ဗီဒီယိုထုတ်လုပ်ရေးမှ ထုတ်လုပ်ဖြန့်ချီပြီး ရိုက်ကူးမယ့် “မြစ်တစ်စင်းရဲ့ ကျေးကျွန်များ” ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ MRTV-4 ကထုတ်လွှင့်ပြသနေတဲ့ “ပဉ္စလက်ရွာ” ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားပြီး ငါးမိနစ်ဇာတ်လမ်းတိုလေးကို မကြာမီ ထုတ်လွှင့်ပြသမျာ ဖြစ်တယ်လို့ သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။