အကြိတ်အနယ်ရှိခဲ့တဲ့အာရှချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့

ချယ်ဆီးကစားသမားဟောင်းအော်စကာ၊နာမည်ကြီး

တိုက်စစ်မှူးဟော့တို့ပါဝင်တဲ့ရှန်ဟိုင်း SIPGနဲ့ဂျပန်ကလပ်

အူရာဝရက်ဒိုင်းမွန်းတို့အာရှချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ

တွေ့ဆုံခဲ့ကြပါတယ်။နှစ်သင်းစလုံးအပြိုင်အဆိုင်

ထိုးဖောက်မှုတွေနဲ့အတူတစ်ဖက်တစ်ဂိုးစီသရေကျ

သွားခဲ့ပါတယ်။ရှန်ဟိုင်းအသင်းဟာအူရာဝရက်ကို

အိမ်ကွင်းမှာအနိုင်ရရှိဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ပါဘူး။

ရှန်ဟိုင်းအသင်းဟာအာရှချန်ပီယံလိဂ်ရယူဖို့

မျှော်မှန်းထားတဲ့အသင်းဖြစ်ပြီးနည်းပြနေသူကလည်း

ပရီးမီးယားလိဂ်နာမည်ကျော်နည်းပြဟောင်းဗီလာ့ဘို့အာ့ပါ။

အော်စကာ၊ဟောခ့်၊အာမီဒေါ့စတဲ့နာမည်ကြီးနိုင်ငံခြားသား

ပလေယာတွေနဲ့အတူဝူလီတို့လိုနာမည်ကြီးတရုတ်ကစားသမားတွေပါဝသ်တဲ့ရှန်ဟိုင်းဟာအူရာဝရက်ကိုပွဲချိန်အတွင်း

အသာစီးရယူပြီးကစားနိုင်ခဲ့ပါတယ်။အူရာဝရက်ဟာ

2007အာရှချန်ပီယံလိဂ်မှာဗိုလ်စွဲခဲ့တဲ့ချန်ပီအသင်းဟောင်းပီပီ

အတွေ့အကြုံသမ္ဘာနဲ့ရှန်ဟိုင်းကိုထိန်းကစားသွားတာကို

တွေ့ရပါတယ်။

ရှန်ဟိုင်းအသင်းအတွက်ဂိုးကိုတော့ပထမပိုင်း15မိနစ်မှာနာမည်ကြီးတိုက်စစ်မှူး

ဟော့ခ်ကသွင်းယူပေးခဲ့ပါတယ်။နောက်13မိနစ်အကြာမှာတော့အူရာဝရက်အတွက်ချေပဂိုးကိုတော့

တိုက်စစ်မှူးယိုဆုကီကပြန်လည်သွင်းယူပေးခဲ့ပါတယ်။

အာရှချန်ပီယံလိဂ်ဆီးမီးဖိုင်နယ်ဟာနှစ်ကျော့ကစားရတာဖြစ်ပြီး

အူရာဝက်ကတော့အဖိုးတန်အဝေးဂိုးတစ်ဂိုးရရှိသွားခဲ့ပါတယ်။

ဒုတိယအကျော့ကိုတော့အောက်တိုဘာ18ရက်နေ့မှာဂျပန်နိုင်ငံဆာတီမာကွင်းကြီးထဲမှာကျင်းပသွားမှာပါ။

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။