ဒီဇာတ်လမ်းလေးမှာ မင်းသမီးကင်ထယ်ဟီး ဟာ မြန်မာပရိသတ်တွေ ရင်ထဲကို ဆွဲဆွဲမြဲမြဲ ရောက်ရှိခဲ့တယ်ဆိုရင် မမှားပါဘူး။ ဇာတ်လမ်းလေးကို ပြန်ပြောရမယ်ဆိုရင် ဟားဗတ်ဥပဒေကျောင်းသား Kim Hyun-woo (ကင်ရေးဝန်) နဲ့ ဟားဗတ်ဆေးကျောင်းသူ Lee Soo-in (ကင်ထယ်ဟီး) တို့ရဲ့ အချစ်ဇာတ်လမ်းလေး ကို အဓိက ထားရိုက်ကူးထားပါတယ်။ Kim Hyun-woo နဲ့ Alex Hong (လီဂျန်ဂျင်း) တို့ဟာ ဟားဗတ်ဥပဒေကျောင်းမှာ ပထမနှစ်ကျောင်းသားအဖြစ်တက်ရောက်နေပါတယ်။ Alex ကို တက္ကသိုလ်ပါမောက္ခကြီးက ပိုမိုနှစ်သက်ခဲ့ပါတယ်။ Hyun-woo အနေနဲ့ အစပထမ ပိုင်းမှာ ရုန်းကန်ခဲ့ရပါတယ်။ ပါမောက္ခကြီး ရဲ့ လျစ်လျူရှုမှု၊ မနှစ်သက်မှုတို့ ကို ခံခဲ့ရပါတယ်။ ဒါပေမယ့် Hyun-woo က ဇွဲနဲ့ ကြိုးစားခဲ့တာကြောင့် ပါမောက္ခကြီး ရဲ့ လေးစားမှု နဲ့ ကျောင်းသားအချင်းချင်းလေးစားမှုကို တဖြေးဖြေး ရရှိခဲ့ပါတယ်။

ကျောင်းသားနှစ်ယောက်လုံးဟာ ဟားဗတ်တတိယနှစ်ဆေးကျောင်းသူ Lee Soo-in (ကင်ထယ်ဟီး) ကို နှစ်သက်ခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ကြားမှာ ယှဉ်ပြိုင်မှုပြင်းထန်ခဲ့ပါတယ်။ Hyun-woo နဲ့ Lee Soo-in (ကင်ထယ်ဟီး) တို့ ပိုမိုနီးစပ်ခဲ့ကြသော်လည်း တာရှည်မခံခဲ့ပါဘူး။ Lee Soo-in (ကင်ထယ်ဟီး) က ပရဟိတလုပ်ငန်းလုပ်ဖို့ တောင်အမေရိက ကိုထွက်သွားခဲ့ တာကြောင့်သူတို့နှစ်ဦး ဝေးကွာခဲ့ရပါတယ်။ နောက်ဆုံးဇာတ်သိမ်းမှာ တော့ Hyun-woo နဲ့ Soo-in တို့ ဆိုးလ်မြို့မှာပြန်လည်ဆုံတွေ့ခဲ့ကြပြီး လက်ထပ်ခဲ့ကြပါတယ်။

မင်းသမီး ကင်ထယ်ဟီးဟာ ဒီဇာတ်လမ်းမှာ ဆွဲဆောင်မှု အပြည့်နဲ့ သရုပ်ဆောင်သွားနိုင်တာကြောင့် ပရိသတ်တွေ ရင်ထဲ တသသဖြစ်ခဲ့ရပါတယ်။ သူမ နဲ့ ဆေးကျောင်းသူ ဇာတ်ရုပ်ဟာ လည်း အလွန်လိုက်ဖက်လှပါတယ်။ ပရိသတ် အားပေးမှု ကို မင်းသမီး ကင်ထယ်ဟီး ဟာ ဒီဇာတ်ကားနဲ့ ထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်။

Source: Korean Entertainment

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။