ဆိုရှယ်မီဒီယာတွေခေတ်စားလာတာနဲ့အမျှ အနုပညာရှင်ဆယ်လီတွေနဲ့ ပရိသတ်တွေကြားက Relationship က ပိုပြီးရင်းနှီးလာကြပါတယ်။

ဆယ်လီတွေရဲ့ ကိုယ်ရေးကိုယ်တာမိသားစုအကြောင်းအရာလေးတွေကိုလည်း လူမှုကွန်ရက်ကနေတစ်ဆင့် ပွင့်လင်းမြင်သာစွာ တွေ့လာရပါတယ်။

လက်တလောပရိသတ်တွေစိတ်ဝင်စားနေတဲ့အ ထဲမှာ ဆယ်ကျော်သက်သားသမီးတွေနဲ့အပြိုင် နုပျိုလန်းဆန်းနေတဲ့ ဆယ်လီမေမေတွေရှိပါတယ်။

တစ်ချိန်က ရုပ်ရှင်လောကမှာ အောင်မြင်ကျော်ကြားခဲ့တဲ့မင်းသမီးတွေဖြစ်သလို ယနေ့အချိန်ထိ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေရရှိထားတဲ့သူတွေဖြစ်ပါတယ်။

လက်ရှိအချိန်ထိ ဇာတ်ကားတွေရိုက်နေရတဲ့ ခိုင်သင်းကြည်ကတော့ သမီးဖြစ်သူနဲ့အပြိုင် ညီအစ်မတွေအတိုင်း နုပျိုလန်းဆန်းနေဆဲပါပဲ။

ဒါ့ပြင် သမီးဖြစ်သူကို နိုင်ငံခြားမှာ ပညာတော်သင်စေလွှတ်ထားတဲ့ လင်းဇာနည်ကလည်း ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ပိုင်ဆိုင်ထားပြီး နုပျိုလှပနေတုန်းပါပဲ။

သားချောသမီးချောလေးနှစ်ယောက်ရထားတဲ့ ခင်ဇာခြည်ကျော်ကလည်း အသက်အရွယ်နဲ့မလိုက်အောင် လှပနုပျိုနေဆဲပါပဲ။

သူတို့တွေဘယ်လောက်ပဲဝါရင့်မင်းသမီးတွေဖြစ်နေပါစေ ဒီနေ့ခေတ်မင်းသမီးသစ်လေးတွေရှုံးလောက်အောင် လှနေသေးတာကတော့ အမှန်ပါပဲ။  

Source :Cele's fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။