ရုပ်ရှင်သရုပ်ဆောင်မင်းသမီးချောလေး မိုးပြည့်ပြည့်မောင်ဟာ ကိုယ်ပိုင်ရုပ်ရှင်နဲ့ ဗီဒီယို ထုတ်လုပ်ဖြန့်ချီရေးတည်ထောင်လိုက်ပြီဖြစ်ပါတယ်။ ပထမဆုံး ပွဲထွက်အနေနဲ့ “မြစ်တစ်စင်းရဲ့ ကျွေးကျွန်များ” ရုပ်ရှင်ဇာတ်ကားကြီးကို စတင်ရိုက်ကူးတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ ထိုရုပ်ရှင်ဇာတ်ကားကြီးမှာ ဦးကျော်သူ၊ ကျော်ရဲအောင်၊ နေမျိုးအောင်၊ မင်းဦး၊ အောင်မင်းခန့်၊ ထွန်းအိန္ဒြာဗိုလ် နှင့် မိုးပြည့်ပြည့်မောင်တို့က ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပြီး ဒါရိုက်တာ ကိုမျိုးထူးက ရိုက်ကူးမှာဖြစ်တယ်လို့ သိရပါတယ်။

ထို “မြစ်တစ်စင်းရဲ့ ကျွေးကျွန်များ” ရုပ်ရှင်ဇာတ်ကားဟာ ဧရာဝတီလင်းပိုင်များနှင့် ဧရာဝတီ အကြောင်း အခြေခံရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တယ်လို့ သိရပါတယ်။ ရိုက်ကူးရေးကိုတော့ အောက်တိုဘာ(၂၀)ရက်နေ့ မင်းဘူးမြို့မှာ သွားရောက်ရိုက်ကူးမှာ ဖြစ်ပါတယ်။

မိုးပြည့်ပြည့်မောင်ဟာ “ဆယ်လီ” ရုပ်ရှင်ဇာတ်ကားကြီးနှင့် “ပွဲခံမယ်” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားပြီး“ပွဲခံမယ်” ရုပ်ရှင်ဇာတ်ကား ကြော်ငြာတဲ့ အခါက သူမနာမည် ပါမလာတဲ့အတွက် မျက်ရည်ကျရလောက်အောင် စိတ်မကောင်းဖြစ်ခဲ့ရပြီး ထိုသို့ ထပ်မဖြစ်စေဖို့ ကိုယ်ပိုင်ရုပ်ရှင် ထုတ်လုပ်ရေးထောင်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ သူမရဲ့ လတ်တလောအနပညာလှုပ်ရှားမှုတွေအနေနဲ့ကတော့ ဇာတ်ကားများရိုက်ကူးနေပြီး ဓာတ်ပုံကြေညာများလည်း ရိုက်ကူးနေတယ်လို့ သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။