မကြာသေးမီက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ရိန်းက ဟောလီးဝုဒ် ရုပ်ရှင်ဇာတ်ကား အတွေ့အကြံုတွေကို ပြောပြခဲ့ပါတယ်။ ရိန်းဟာ ဟောလီးဝုဒ် ဇာတ်ကား သုံးခုဖြစ်တဲ့ “Ninja Assassin”, “Speed Racer”, “The Prince” ဇာတ်ကားတွေမှာ ပါ၀င်သရုပ်ဆောင်ခဲ့ပါတယ်။ ရိန်းက “ကျွန်တော် ဟောလီးဝုဒ် ကနေ ကမ်းလှမ်းမှု တွေရရှိခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီ့အချိန်မှာ ကျွန်တော် စစ်မှုထမ်းဖို့ စာရင်းပေးခဲ့ရပါတယ်။

ရိန်းက စစ်မှုထမ်းပြီးနောက် အနုပညာလုပ်ငန်းမှာ အထူးသဖြင့် အာရှတိုက်မှာ အနုပညာလုပ်ငန်းတွေ ပိုမိုပြုလုပ်ဖို့ အားသန်လာပုံနဲ့ပတ်သက်ပြီး “ကျွန်တော် ဟောလီးဝုဒ်မှာ လုပ်ရတာ စိတ်ကျေနပ်ခြင်းမရှိပါဘူး။ အစက ဟောလီးဝုဒ်ဇာတ်ကား တွေ ပိုမိုရိုက်သင့်တယ်လို့ ထင်မိပေမယ့် နောက်တော့ ကျွန်တော် သီချင်း ရှိုးပွဲတွေကို ပိုသွားသင့်တယ်လို့ထင်မိပါတယ်။” လို့ပြောကြားခဲ့ပါတယ်။

သူ့ရဲ့ဘယ်ဇာတ်ကားကို အကြိုက်ဆုံးလဲ ဆိုတဲ့ မေးခွန်းကိုတော့ ရိန်းက “Sangdoo, Let’s Go to School” ဇာတ်ကားကို အကြိုက်ဆုံးပါတဲ့။ သူ့အနေနဲ့ ဦးဆောင်မင်းသား အနေနဲ့ စတင်ရိုက်ကူးခဲ့တဲ့ ဇာတ်ကားလေးဖြစ်လို့ပါတဲ့။ ရိန်းဟာ နိုဝင်ဘာလ မှာ ပရိသတ်တွေကို ပြန်လည်တင်ဆက်တော့မယ် လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

Source: Korean Entertainment

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။