အချိုပွဲလေးတွေကြိုက်သူတွေ အထူးသဖြင့် ကိတ်မုန့်လေးတွေကို ကိုယ့်အိမ်မှာပဲလုပ်စားကြည့်ချင်သူတွေအနေနဲ့ ဘယ်လိုလုပ်ရမလဲဆိုတာကို ဖော်ပြပေးမယ်နော်။

အခုတစ်ခေါက်မှာတော့ Cream Cheese အားလူးကိတ်လေးကို လုပ်ကြည့်ရအောင်။

Cream Cheese အာလူးကိတ်ကို Crust, Filling & Topping ဆိုပြီး အဆင့်(၃)ဆင့် လုပ်ရပါမယ်။

***... Crust လေး စလုပ်ရအောင်…

1. Biscuit Base Mix – 12 tbsp

2. White Sugar – 1 tbsp

3. Melted Butter – 6 tbsp

၃ မျိုးလုံးကို bowl တစ်ခုထဲထည့်ကာ နှံ့သွားအောင် ရောမွှေပြီး aluminium foil (or) baking paper ခင်းထားသည့် baking pan(အချင်း ၈ လက်မ၊ အမြင့် ၂ လက်မ)ထဲ ဖြန့်ထည့်ကာ မာပြီးကပ်သွားအောင် ဇွန်းအောက်ခြေနှင့် ဖိပြား၍ fridge (freezer မဟုတ်)ထဲ ထည့်ထားပါ။

(နံဘေးအကာများဖွင့်ထုတ်၍ရသောဗန်း (spring form pan)ကိုသုံးလျှင် foil (or) paper ခင်းစရာမလိုသလို၊ မုန့်ကိုbaking pan ထဲမှ ထုတ်လျှင်လည်း ပိုမိုလွယ်ကူစေပါတယ်။)

***... Filling လေး လုပ်ရအောင်….

1. Cream Cheese – 450 g (room temperature)

2. brown sugar – 1/3 cup

3. white sugar – 1/3 cup

4. salt – 1/4 tsp

5. 3 eggs (room temperature)

6. vanilla extract – 1 tsp

7. နူးအောင်ပြုတ်ပြီး ကြေအောင်ချေထားသော အာလူး – 1 cup (250 ml)

Cheese ကို ဇလုံအကြီးတစ်ခုထဲထည့်ကာ hand mixer (or) electric mixer ကိုသုံး၍ ညက်သွားအောင် ချေပေးပါ။

အတော်လေးညက်လာလျှင် ဆား နှင့် သကြားထည့်ကာ ဆက်ပြီး ခြေမွှေပေးပါ။

ကြက်ဥထည့်ကာ ဆက်ပြီး ခြေမွှေပေးပါ။

ကြက်ဥများကြေသွားလျှင် vanilla extract နှင့် ချေထားသော အာလူးကို ထည့်ကာ ဆက်ခြေမွှေပေးပါ။

အားလုံးကြေကာ နူးညံ့သွားလျှင် ရေခဲသေတ္တာထဲမှ baking pan ကိုထုတ်ကာ filling များကိုထည့်ပြီး မျက်နှာပြင်ကို တတ်နိူင်သမျှ ညီအောင်လုပ်ပေးပါ။

175 ံC နှင့် ၁၅ မိနစ်ခန့် ကြိုတင်အပူပေးထားသည့် oven ၅ ဆင့်မြှောက်ထဲ ထည့်ကာ မိနစ် ၃၀ ခန်.ဖုတ်ပေးပါ။

(ဖုတ်သည့်အချိန်ကြာသည့်အတွက် ovenထဲ ရေငွေ့များရှိနေစေရန် ရေပူတစ်ဝက်ခန့်ထည့်ထားသည့် baking pan နောက်တစ်ခုကို oven ၏အောက်ဆုံးတွင် ထားပေးထားပါ။)

မိနစ် ၃၀ ဖုတ်ပြီးနောက် အပူရှိန်ကို 160 ံC သို့လျှော့ကာ ၁၀ မိနစ်ခန့် ဆက်ဖုတ်ပေးပြီး oven မှထုတ်၍ wire rack ပေါ်တင်ထားပါ။

wire rack ပေါ် တင်ထားသောအချိန်တွင်

Topping လေးလုပ်ရအောင်….

1. Sour Cream – 1 cup (250 ml) (room temperature)

2. white sugar – 1/4 cup (60 ml)

3. vanilla extract – 1 tsp

၃ မျိုးလုံးကို နှံ့သွားအောင်ရောမွှေပြီးလျှင် နွေးနေသောcheesecake ပေါ်ဖြန့်ပြီးသုတ်ပေးပါ။

မီးမပိတ်ရသေးသော oven ထဲထည့်ကာ ၁၀ မိနစ်ခန့် ထပ်ဖုတ်ပေးပြီးလျှင် wire rack ပေါ်တင်၍ နံံဘေးအနားများကို ဓါးပါးလေးထိုးထည့်၍ ကွာအောင် ခွါထားပြီး အအေးခံထားပါ။

လုံးဝအေးသွားပြီးနောက် လုံအောင်ဖုံးပြီး ရေခဲသေတ္တာ(freezer မဟုတ်)ထဲ အနည်းဆုံး ၈ နာရီ (သို့) တစ်ညအိပ်ထားပြီး ကြိုက်နှစ်သက်သလိုလှီး၍ အရသာရှိစွာ သုံးဆောင်နိူင်ပါပြီ။ (လုံအောင်ဖုံးရာတွင် အပေါ်ကtopping ကို ထိခိုက်ပျက်စီးတတ်သဖြင့် သတိထားပြီးဖုံးပေးပါ။)

မုန့်ကို မလှီးခင် aluminium foil (or) baking paper ၏အနားကို ကိုင်ပြီး ဖြည်းဖြည်းချင်းထုတ်ကာ ပန်းကန်ပြားတစ်ချပ်ပေါ်တင်ပါ။ (spring form pan ကိုသုံးလျှင် လုပ်ရန်မလို)

ပြီးလျှင် aluminium foil (or) baking paper ကို ဖြည်းဖြည်းချင် ခွါပေးပါ။

ရေနွေးထည့်ထားသည့် ဖန်ခွက်တစ်ခုထဲ လှီးမည့်ဓါးကိုထည့်ထားကာ လှီးတော့မည့်ဆိုလျှင် အဝတ်စသန့်သန့်ဖြင့်ဓါးကိုဖိကာ တစ်ချက်သုတ်ပြီးမှလှီးပါ။ (တစ်ခါလှီးတိုင်းတစ်ခါလုပ်ပေးလျှင် မုန့်သားများမကပ်တော့ပဲ လှလှပပလေးရမှာဖြစ်ပါတယ်။)

စားကောင်းမယ့် အာလူးကိတ်လေး ဖြစ်ပါစေနော်။ 

Source :Chawsu food friends fb 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။