ဒါရိုက်တာကြီးရဲ့နတ်သမီးပုံပြင်ထဲကလိုPre Wedding ပုံများ

ဒါရိုက်တာအာကာဆိုတာရိုက်ချက်ကောင်းကောင်း၊

Ideaဆန်းဆန်းလေးတွေနဲ့MTVရိုက်ကူးတတ်သူ

တစ်ယောက်ပါ။ဒုဌဝတီကိုလွန်၍ရုပ်ရှင်ကားကြီး

ကိုလည်းနိုင်ငံတကာအဆင့်မီရိုက်ကူးထားပါတယ်။

မင်းသားကတော့နိုင်းနိုင်းပါ။အခုတော့ဒါရိုက်တာ

ကြီးအာကာကိုယ်တိုင်ဝင်ရောက်သရုပ်ဆောင်လိုက်ပါပြီ။

ဒါရိုက်တာကြီးသရုပ်ဆောင်တာကသူ့ဘဝရဲ့

အရေးကြီးဆုံးအရာထဲကတစ်ခုဖြစ်တဲ့Pre weddingရိုက်ကွင်းလေးပါပဲ။သူ့ရဲ့Pre Wedding

ပုံရိပ်လေးတွေကိုတော့ဥရောပမှာရိုက်ကူးထားခဲ့တာပါ။

Pre Wedding ဆိုမှတော့မင်းသမီးကသူ့ချစ်ချစ်ပေါ့နော်။

ဥရောပရဲ့လှပတဲ့ရှု ့ခင်းတွေကြောင့်အာကာတို့ရဲ့

Pre Weddingဓာတ်ပုံတွေဟာနတ်သမီးပုံပြင်တွေထဲက

လိုပဲလှပလွန်းနေပါတယ်။

ထူးခြားချက်ကသူတို့နှစ်ယောက်ဒီဓာတ်ပုံတွေကို

ဓာတ်ပုံဆရာမပါပဲTri Podလေးတစ်ချောင်းထဲနဲ့

ရိုက်ကူးခဲ့ကြတာပါ။မိတ်ကပ်ကိုယ်ကတော့အာကာ့ရဲ့

ချစ်ချစ်ကိုယ်တိုင်ပဲလိမ်းပါတယ်တဲ့။အရမ်းကိုလှပတဲ့

ရိုမန့်တစ်ဆန်ဆန်ပုံကလေးတွေဖြစ်လို့လူမှုကွန်ယက်

ပေါ်မှာပရိသတ်ကြီးအထူးစိတ်ဝင်စားနေကြပါတယ်။

ပရိသတ်ကြီးကလည်းသူတို့လိုရိုက်ချင်နေကြပါသတဲ့။

Pre Weddingဓာတ်ပုံဆိုတာလှပတဲ့ချစ်သက်သေ

လေးတစ်ခုမဟုတ်ပါလား။

Source-Arkar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။