မနက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘေဆယ်အသင်းဟာ ဘင်ဖီကာ အသင်းကို ၅ ဂိုး ဝ ဂိုး နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး အနိုင် ၃ မှတ်ကိုစတင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ဘေဆယ်အသင်းဟာ အုပ်စုအဖွင့်ပွဲတုန်းက မန်ယူအသင်းကို ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ယခု အိမ်ကွင်းမှာတော့ ဘင်ဖီကာအသင်းကို ပေါက်ကွဲခဲ့တာလည်းဖြစ်ပါတယ်။ဘင်ဖီကာအသင်းဟာ နှစ်ပွဲဆက် ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ရမှတ် သုညသာ ရရှိခဲ့ထားတာလည်းဖြစ်ပါတယ်။

ဘေဆယ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ စတပ်ဖန်၊ ဝုဗ်ဆွင်ကယ်၊ အိုဗာလင်၊ မီချယ် လန်း၊ ပထရက်တာ၊ ဇာခါ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဘင်ဖီကာအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဂျူန်း၊ ဂျင်မီနက်၊ ဇစ်ကိုဗစ်၊ ဆာဗစ်၊ ပစ်ဇီ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဘေဆယ်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှု အသာမရရှိခဲ့ပေမဲ့ ရရှိလာတဲ့ အခွင့်အရေးတွေကို ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့တာကြောင့် ခုလိုဂိုးပြတ်အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။

ဘေဆယ်အသင်းအတွက်အဖွင့်ဂိုးကိုတော့ ပွဲစလို့ ၂ မိနစ်မှာပဲ မီချယ်လန်းက သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။မိနစ် ၂၀ မှာတော့ အိုဗာလင်က ဒုတိယမြောက်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။၅၉ မိနစ်မှာ ဝုဗ်ဆွင်ကယ် က ပယ်နယ်တီကနေတဆင့် ၃ ဂိုးမြောက်ဂိုးကို သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။လေးဂိုးမြောက် ဂိုးကိုတော့ ၆၉ မိနစ်မှာ အိုဗာလင် က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ပွဲသိမ်းဂိုးကိုတော့ ၇၆ မိနစ်မှာ ရီဗာရော့ က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။