အဆိုတော်မလေး Bobby Soxer ဟာ သူမရဲ့ ခရီးသွား အမိုက်စား ဓာတ်ပုံအသစ်တွေကို တင်လိုက်ပါတယ်။ Hip Hop အဆိုတော်မလေး Bobby Soxer ဟာ သူငယ်ချင်းဖြစ်သူ အာဘွိုင်းနဲ့ မြတ်ရတနာတို့ရဲ့ မင်္ဂလာအကြိုဓာတ်ပုံများ ရိုက်ကူးဖို့အတွက် ထိုင်းနိုင်ငံ ပတ္တာရားကမ်းခြေကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

အာဘွိုင်းနဲ့ မြတ်ရတနာကျော် တို့ရဲ့ Prewedding ရိုက်ကူးဖို့အတွက် အာဘွိုင်းနှင့် မြတ်ရတနာကျော် တို့ စုံတွဲနှင့်အတူ လွှမ်းပိုင်နဲ့ Bobby Soxer တို့စုံတွဲ၊ ကျော်ထွဋ်ဆွေ နဲ့ နန်းသူဇာ၊ ခိုင်သဇင်ငုဝါတို့စုံတွဲ အပါအဝင် စုံတွဲ(၆)တွဲနှင့် သွားရောက် ဓာတ်ပုံရိုက်နေတာ ဖြစ်ပါတယ်။ Bobby Soxer က “ဓာတ်ပုံတင်တယ်ဆိုတာ အကြွေးထားရင် မကောင်းလို့ ရှိသမျှအကုန် တင်ပလိုက်ပြီ” ဆိုပြီး သူမရဲ့ ခရီးသွား အလန်းစား ဓာတ်ပုံတွေကို ပရိသတ်တွေအတွက် တင်ပေးလိုက်ပါတယ်။

Bonbby Soxer ဟာ ပရိသတ် အားပေးမှုအခိုင်အမာရှိထားတဲ့ Hip Hop Rapper အဆိုတော်တစ်ယောက်လည်းဖြစ်ပါတယ်။ ချစ်သူဖြစ်သူ လွှမ်းပိုင်ရဲ့ “ဂီတဗေဒ” သီချင်းခွေထဲက “မိန်းမရေ” ဆိုတဲ့ တေးသီချင်းမှာ ပါဝင် သီဆိုထားပါတယ်။ သူမရဲ့ ဆွဲဆောင်ရှိတဲ့ အမိုက်စား ဓာတ်ပုံလေးတွေကို ပရိသတ်ကြီး အတွက် တင်ပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။