လူပျိုကြီး ကိုယ်လူချော စိုင်းစိုင်းခမ်းလှိုင်ကတော့ အရွှန်းဖောက်လိုက်ပြန်ပါပြီ။

အဲ့ဒါကတော့ သူ့ရဲ့ ဖေ့ဘုတ်အကောင့်မှာ အဆိုတော်ချစ်သုဝေရဲ့အမွှာသမီးလေးနှစ်ယောက်ရဲ့ ဓာတ်ပုံလေးတွေပါတဲ့ ပို့စ်တစ်ခုမှာ“ ကြွေဘီဆရာ အမွှာပူးတော့လိုချင်မိ” ဆိုတဲ့ စာလေးနဲ့ အတူ ရှဲထားတာကိုတွေ့ရပါတယ်။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင် ဟာ အနုပညာသက်တမ်းတစ်လျှောက် နာမည်ပျက်မရှိခဲ့သလို ယနေ့အထိ ပရိသတ်အခိုင်အမာနဲ့ရပ်တည်နေတာဖြစ်ပါတယ်။

အချစ်ရေးဘက်မှာတော့ လွန်ခဲ့တဲ့နှစ်တွေက မင်းသမီးတစ်လက်နဲ့ နာမည်ထွက်ခဲ့ဖူးပေမယ့် လက်ရှိအချိန်မှာတော့ လူပျိုကြီးအဖြစ်သာ Single Life ကို ပျော်ပျော်ရွှင်ရွှင်ပဲဖြတ်သန်းနေသူတစ်ယောက်ပါ။

စိုင်းစိုင်းဟာ မိန်းကလေးတွေကြွေရတဲ့ အပြောအဆိုအမူရာတွေနဲ့ သူ့ရဲ့ ပရိသတ်အပေါ်လေးစားမှုတွေကြောင့် အောင်မြင်မှုကို ထိန်းထားနိုင်သူတစ်ယောက်အဖြစ် လူသိများပါတယ်။

လက်တလောမှာတော့ စိုင်းစိုင်းရဲ့ အမွှာပူးလိုချင်တယ် ဆိုတဲ့ မျှဝေထားတဲ့ပို့စ်အောက်မှာ အဆိုတော်မိုးမိုး နဲ့ ဘန်နီဖြိုး တို့က ကွန့်မန့်ပေးထားကြတာကိုတွေ့ရပါတယ်။

“ စီနီယာတွေဆီမှာ..

လေ့လာပါ..”” “လိုချင်ရင် အရေးကြီးတာ အရင်လုပ် *B*

သင်ယူပါ..””

ချစ်စရာကောင်းလွန်းပြီးလူချစ်လူခင်များနေတဲ့ ချစ်သုဝေရဲ့ အမွှာသမီးလေးတွေရဲ့ ပုံရိပ်တွေက ရေပန်းစားလျက်ရှိပြီး စိုင်းစိုင်းကလည်း ပုံလေးတွေမြင်ပြီး တော်တော်လေးချစ်သွားပုံရပါတယ်။   

Source : Sai Sai fb 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။