သရုပ်ဆောင် နေမင်းဟာ နေမကောင်းဖြစ်နေတာပါ။နေမကောင်းလို့အိပ်ယာထဲလဲနေပြီး ဆေးထိုးခံထားတယ်လို့လဲ ရေးထားပါတယ်။အခြေနေကပိုပြီးဆိုးတာလာတယ် ဆိုုပြီးပြောထားပါသေးတယ်။ပရိသတ်အချစ်တော် နေမင်းကတော့ သူရဲ့နေမကောင်းဖြစ်တဲ့ အခြေအနေကို စိုးရိမ်နေပါတယ်။အခြေအနေကပိုပြီး ဆိုးလာတဲ့အတွက် H1 N1 ကိုလည်းစိုးရိမ်နေပါတယ်။

သူ့ရဲ့အခြေအနေကို သူ့ရဲဖေ့ဘုတ်မှာတင်ထားခဲ့တာဖြစ်ပြီး “ဆေးထိုးခံ လိုက်ရပြီ

အခြေအနေ က ပို၍

ဆိုး လာသည်

ဒါ နဲ့လေ

H 1 N 1 က ပြီးသွားပြီလား

ရှိနေသေးလားဟင်

ရှိနေသေးတယ်ဆိုရင် တော့ဗျာ

ဘုရား ဘုရား” ဆိုပြီး စိုးရိမ်စရာအခြေအနေကို တင်ပြခဲ့တာပါ။

ရာသီတုတ်ကွေးဖြစ်တဲ့ H1 N1 ရောဂါကလည်း လွန်ခဲ့တဲ့ လပိုင်းကမြန်မာနိုင်ငံမှာ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး လူတော်တော်များများလည်းကူးစက်ခံခဲ့ရပြီး မြန်မာနိုင်ငံအပြင် နိုင်ငံတကာကပါ ရုပ်ရုပ်သဲသဲဖြစ်သွားခဲ့ပါသေးတယ်။သူကတော့ ဒီရောဂါနဲ့ပက်သက်ပြီး ထိတ်လန့်နေတာဖြစ်ပြီး သူ့ပရိသတ်ကတော့ သူကိုအားပေးထားတာကိုလည်းတွေရပါတယ်။

သတင်းအရင်းအမြစ် - နေမင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။