ရှမ်းအသင်းတိုင်ထားတဲ့ဒိုင်လူကြီးကိုအရေးယူရဲ့လား

ပွဲကတော့ကောင်းပါပြီလို့ပဲဆိုရမှာပါ။ရှမ်းနဲ့ရန်ကုန်အမှတ်

ပေးပြိုင်ပွဲမှာရှမ်းတိုက်စစ်မှူးဇင်မင်းထွန်းကို

ခင်မောင်လွင်ဖျက်ထုတ်တာနဲ့ပတ်သက်ပြီးရှမ်းက

ဒိုင်လူကြီးကိုတိုင်ထားတာအားလုံးသိကြမှာပါ။

ဒိုင်ကိုအရေးမယူရင်နောက်နှစ်ဘောလုံးရာသီမှာ

ဆက်ပြိုင်ဖို့မသေချာဘူးလိုရှမ်းအသင်းတာဝန်ရှိသူ

ကပြောကြားခဲ့ပါတယ်။ဒိုင်လူကြီးကိုအရေးယူဖို့

တိုင်စာကိုလည်းညတွင်းချင်းပဲမြန်မာနိုင်ငံဘောလုံး

အဖွဲ့ချုပ်စည်းကမ်းထိန်းသိမ်းရေးကော်မတီကိုရှမ်းအသင်း

တိုင်ကြားခဲ့ပါတယ်။

ဒါပေမယ့်နေရှင်နယ်လိဂ်စည်းကမ်းထိန်းသိမ်းရေးကော်မတီက

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးဒိုင်လူကြီးအနေနဲ့မှားယွင်းမှုမရှိဘူးလို့ဆုံးဖြတ်ချက်ချလိုက်ပါပြီ။ဒါ့အပြင်ကွင်းအတွင်း

သံအပိုင်းအစကျရောက်ခဲ့မှုကြောင့်ရှမ်းအသင်းကို

ကျပ်ဆယ်သိန်းတိတိဒဏ်တပ်လိုက်ပါတယ်။

ဒိုင်လူကြီးနဲ့ပတ်သက်လို့တော့ကွင်းလယ်ဒိုင်အနေနဲ့

အကူဒိုင်များနဲ့ပူးအောင်းဆောင်ရွက်မှုအားနည်းတယ်ဆိုပြီး

လိုသလိုအရေးယူသွားမယ်လို့ပဲထုတ်ပြန်ခဲ့ပါတယ်။

ရှမ်းအသင်းအနေနဲ့တရားဝင်ကန့်ကွက်စာတင်ထားတာဖြစ်လို့

ဒီဆုံးဖြတ်ချကိအပေါ်ဘယ်လိုသဘောထား

ထုတ်ပြန်မယ်ဆိုတာစောင့်ကြည့်သွားကြရမှာပါ။

ပွဲကတော့ကောင်းပါပြီ။အားလုံးအဆင်ပြေပြေဖြစ်သွားကြဖို့ပဲ

မျှော်လင့်မိပါတယ်။

Source-MNL

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။