မတူးကေတော့ အနုပညာပရိသတ်တွေအတွက် သိရှိပြီးသားလို့ထင်ပါတယ်။သူမဟာတော့ ပရိသတ်တွေအတွက် ဘဝအမော်တွေပြေစေဖို့သူမတက်ကျွမ်းတဲ့ အနုပညာလေးနဲ့ ဗီဒီယိုဇာတ်ကားတွေမှာ သရုပ်ဆောင်လေ့ရှိပါတယ်။ဒါပေမယ့်ဇာတ်ပို့အလွှာမှာ နှစ်လွှာဖြစ်နေတဲ့အတွက်ကြောင့်ခွဲခြားမှုတွေကို ပပျောက်စေချင်တယ်လို့လည်း သရုပ်ဆောင်မတူးကပြောခဲ့ပါတယ်။

ဇာတ်ကားတစ်ကားကောင်းဖို့ဆိုတာကလည်း ပါဝင်တဲ့အနုပညာရှင်ဇာတ်ပို့တွေက ဇာတ်လမ်းကိုပရိသတ်ရင်ထဲစွဲကျန်စေဖို့ အကောင်းဆုံးကြိုးစားပံ့ပိုးခဲ့ရတယ့်သူတွေပါ။ယခုလို ကွဲပြားမှုတွေရှိတာသိရလို့လည်း ပရိသတ်တစ်ယောက်အနေနဲ့ ဝမ်းနည်းမိပါတယ်။သူမကတော့ အနုပညာဇာတ်ပို့နေရာမှာတော့ အမြဲတမ်းတာဝန်ကျေပွန်သူဆိုတာကိုတော့ ပရိသတ်သိရှိပြီးဖြစ်မှာပါ။

ဇာတ်ပို့သရုပ်ဆောင် မတူးက“ဇာတ်ပို့ ဇာတ်ရန် ဆင်းရဲတဲ့အလွှာကို အန်တီပိုပြီးအဓိကထားပါတယ်။ ဇာတ်ပို့ဇာတ်ရန်မှာ နှစ်လွှာဖြစ်နေတယ်။ အပေါ်လွှာ အောက်လွှာဖြစ်နေတယ်။ အပေါ်ပိုင်းက ဇာတ်ပို့ဇာတ်ရန်တွေက ဈေးကောင်းကောင်းရသလို အန်တီတူးတို့ အောက်ခြေမှာရိုက်တဲ့ ဇာတ်ပို့ဇာတ်ရန်တွေက ဈေးကောင်းကောင်းမရကြပါဘူး။ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကြီးရဲ့ အမိုးအောက်မှာရှိတဲ့သူတွေက တစ်သွေးတည်း တစ်ဝမ်းတည်း တစ်စိတ်တည်းပဲ ဖြစ်စေချင်ပါတယ်။ ဒီ ဒီမိုကရေစီခေတ်ကြီးမှာ အားလုံးက လက်တွဲပြီးတော့မှ ညီညီညွတ်ညွတ်လုပ်မှ ဘယ်အရာမဆိုအောင်မြင်မှာပါ။”လို့ မတူးက ပြောခဲ့ပါသေးတယ်။

သတင်းအရင်းအမြစ်-people magazine

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။