အနုပညာလောကရဲ့ နာမည်ကြီး မင်းသမီးတစ်လက်ဖြစ်သလို ကျရာဇာတ်ရုပ်မှာ ပီပြင်စွာသရုပ်ဆောင်နိုင်မှု ပရိသတ်အပေါ် အလေးထားဆက်ဆံတတ်မှုတွေကြောင့် ပရိသတ်တွေကြား နာမည်ကြီးသူကတော့ မိုးပြည့်ပြည့်မောင် ပါ။ တလောက "ပွဲခံမယ်" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ပတ်သတ်ပြီး ခံပြင်းဒေါသထွက်မိတယ်ဆိုတဲ့ သတင်းဟာ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့ခဲ့ပြီး ပရိသတ်တွေက မိုးပြည့်ဖက်က အပြည့်အဝ ထောက်ခံခဲ့ပါတယ်။

ယခုချိန်မှာတော့ မိုးပြည့်ဟာ ကိုယ်ပိုင်ထုတ်လုပ်ရေးတစ်ခုကို တည်ထောင်လိုက်ပြီဖြစ်ပြီး ပထမဆုံးပွဲဦးထွက် ဇာတ်ကားကြီးအဖြစ် နာမည်ကြီးမင်းသားမင်းသမီးများစွာနဲ့အတူ ဇာတ်လမ်းကောင်းတစ်ခုကို ရိုက်ကူးတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ မိုးပြည့်ကတော့ သူမလိုအဖြစ်မျိုး ဘယ်မင်းသား မင်းသမီးကိုမှ မခံစားစေချင်တာကြောင့် ဒီရုပ်ရှင်ထုတ်လုပ်ရေးကို ထူထောင်ဖြစ်ခဲ့တာဖြစ်တယ်လို့ အင်တာဗျူးတစ်ခု ဖြေဆိုထားပါတယ်။

သူမရဲ့ ခင်ပွန်း ကိုစိုင်းမိုးစံကတော့ "'' ထုတ်လုပ်ရေးလုပ်ဖို့အတွက် စဉ်းစားနေတာတော့ ကြာပါပြီ။ ပြီးခဲ့တဲ့လက မိုးပြည့်လည်း ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားနဲ့ နည်းနည်း လေး စိတ်မကောင်းဖြစ်နေတဲ့အချိန်မှာ ကိုယ်တိုင်အနုပညာဖန်တီးမှု ကို ကိုယ့်ဘာသာကိုယ်လုပ်မှပဲ ရတော့မယ်ပေါ့နော် ဘာကြောင့် လဲဆိုတော့ ကိုယ်လုပ်ချင်တိုင်းလုပ်လို့မရတဲ့အနေအထားဖြစ်နေတာဆိုတော့ ကိုယ့်ဘာသာကိုယ်ထုတ်လုပ်ရေးလုပ်မှပဲ ကိုယ်ပြချင် တာ၊ ကိုယ်လုပ်ချင်တာကို ဖန်တီးလို့ရမယ် ကြိုးစားလို့ရမယ်ဆိုတာကြောင့် အခုလိုချက်ချင်း ကောက်ခါငင်ကာ ထလုပ်လိုက်ရတာ ပေါ့'' လို့ Duwun Media သို့ ဖြေဆိုထားပါတယ်။ 

Source: Duwun Media

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။