My Love From The Star, Moon Embracing the Sun စတဲ့ ဒရာမာ စီးရီ တွေ နှင့် အတူ ပရိသတ်တွေရဲ့ ရင်ထဲကို ရောက်လာတဲ့ ကင်ဆိုးဟွန်းဟာ မကြာခင် စစ်ထဲဝင်ရတော့မယ်လို့သိရပါတယ်။ သူ့ရဲ့ သရုပ်ဆောင်ကောင်းမှုနှင့် ဆွဲဆောင်မှုရှိတဲ့ ရုပ်ရည်ကြောင့် နှုတ်ခမ်းနီမလေးတွေ အသဲစွဲ ချစ်ကြတဲ့ သူဟာ မကြာခင် စစ်ထဲဝင်ရတော့မယ်ဆိုတော့ စိတ်မကောင်း ဖြစ်နေကြပါတယ်။

သူဟာ အောက်တိုဘာ ၂၃ရက်နေ့မှာ စစ်ထဲဝင်မှာ ဖြစ်ပြီး သူ့အနေနှင့် နိုင်ငံသားတစ်ယောက် အနေနှင့် တိုင်းပြည်အကျိုးသယ်ပိုးသင့်တယ် အရေးလည်းကြီးတယ် လို့ ယုံကြည်သူပါဆိုပြီး ကင်ဆိုးဟွန်းကုမ္ပဏီက ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့ကြောင့်လဲ သူစစ်ထဲဝင်တဲ့ နေ့မှာ ဘယ် သတင်းထောက်မှ မပါဘဲ တိတ်တိတ်လေး ဝင်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။ Training ကို ၅ ပတ်တိုင်တိုင် ဆင်းရမှာဖြစ်ပြီး ဆင်းပြီးတာနှင့် ၂၁လ ကြာ တရားဝင် စစ်မှုထမ်းရမှာ ဖြစ်တယ်ဆိုတော့ ပရိသတ်တွေလွမ်းနေတော့မှာပေ့ါနော်။

Source : koreaboo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။