မုတ်သုန်နဲ့မေရီ


Monsoon Madness ပွဲမှာမေရီအရမ်းလန်းနေခဲ့ပါတယ်။

Moonsoonကိုမြန်မာလိုပြန်ကြည့်ရင်မုတ်သုံပေါ့။

မုတ််သုန်နဲ့မေရီပေါ့။EDMပွဲတစ်ခုဖြစ်ပေမယ့်

မုတ်သုန်ပွဲမှာစိုင်းစိုင်းနဲ့မေရီတို့လိုအဆိုတော်တွေဝင်ရောက်

သီဆိုခဲ့ကြပါတယ်။စိုင်းစိုင်းကိုအားပေးတဲ့ပရိသတ်တွေ၊

မေရီကိုအားပေးတဲ့ပရိသတ်တွေအထူးများပြားခဲ့တယ်လို့လည်းသိရပါတယ်။



"ဝဲ"နဲ့အတူပရိသတ်တွေရဲ့နှလုံးအိမ်ကိုဆွဲကိုင်လှုပ်ခဲ့တဲ့

မေရီဟာမုတ်သုန်ပွဲမှာမှာလည်းသူ့ရဲ့အသံချိုရှရှလေး

နဲ့အတူအရမ်းလန်းတဲ့ဖက်ရှင်လေးတွေဝတ်ပြီး

ပရိသတ်ကြီးကိုထပ်မံဖမ်းစားခဲ့ပြန်ပါတယ်။

ဂီတမှော်ဆရာမလေးရဲ့မုတ်သုန်ညကတော့တကယ့်ကို

ခမ်းနားလွန်းခဲ့ပါတယ်။ဟုတ်မဟုတ်ကတော့

သူ့စတိုင်တွေကိုတစ်ချက် Showကြည့်လိုက်ပါ။



စိုင်းစိုင်းနဲ့အတွဲညီနေတဲ့မေရီဟာလာမယ့်အောက်တိုဘာ

7ရက်နေ့မှာလည်းငွေဆောင်ကမ်းခြေမှာလုပ်မယ့် Ultimate Beach Party မှာ သီချင်းတွေနဲ့သီဆိုဖျော်ဖြေဖို့ရှိနေပါတယ်။

မေရီရဲ့အလန်းစားကမ်းခြေဖက်ရှင်တွေကိုလည်းအဆိုပါပွဲမှာတွေ့မြင်ရဖို့ရှိပါတယ်။သီချင်းဆိုလည်းကောင်းဖက်ရှင်လည်း

လန်းနေတဲ့မေရီလေးပါနော်။မုတ်သုန်ပွဲမှာသူနဲ့အတူ

လာပျော်ခဲ့ကြတဲ့ပရိသတ်ကြီးကိုBeachမှာလည်း

လာရောက်အားပေးကြပါတဲ့။

Source -Mary

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။