ဒီတစ်ခေါက်မှာတော့ Myanmarload ပရိသတ်ကြီးအတွက် အနုပညာရှင်တွေထဲက ခွေးလေးတွေ ချစ်ကြတဲ့ အနုပညာရှင်တွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ပထမတစ်ဦးအနေနဲ့ကတော့ Miss Universe ဆုရှင် မိုးစက်ဝိုင် ဖြစ်ပါတယ်။ မိုးစက်ဝိုင်ကတော့ ခွေးချစ်တတ်တဲ့ အနုပညာရှင်တွေထဲက တစ်ဦးဖြစ်ပါတယ်။ သူမရဲ့ ခွေးလေးကို ဂျယ်လီလေး လို့ နာမည်ပေးထားပြီး ဂျယ်လီလေးနဲ့အတူ ဓာတ်ပုံလေးတွေလည်း တင်လေ့ရှိပါတယ်။ သူမ ခရီးတွေထွက်တဲ့အခါတိုင်း မိသားစုနဲ့အတူ ဂျယ်လီလေးကိုပါ လွမ်းကြောင်း အမြဲပြောလေ့ရှိသူလည်း ဖြစ်ပါတယ်။

ဒုတိယ တစ်ဦးကတော့ မင်းသမီး စံရတီမိုးမြင့် ဖြစ်ပါတယ်။ သူမကတော့ ခွေး သိပ်ချစ်တတ်တဲ့မင်းသမီးဖြစ်သလို မွေးထားတဲ့ခွေးလေးတွေသာမက လမ်းဘေးခွေးလေးတွေတွေ့ရင်လည်း ကျွေးမွေးလေ့ရှိသူဖြစ်ပါတယ်။ သူမမွေးထားတဲ့ အချစ်တော်လေးတွေနဲ့အတူ ဓာတ်ပုံလေးတွေလည်း တင်လေ့ရှိသလို တစ်ခါတစ်လေကျရင်လည်း သူတို့လေးတွေနဲ့ အချိန်ကုန်နေတတ်တယ်လို့ သူမကဆိုပါတယ်။ 

နောက်တစ်ဦးကတော့ မော်ဒယ်လ်နဲ့ သရုပ်ဆောင် သန္တာဗိုလ် ပဲဖြစ်ပါတယ်။ သူမကတော့ တိလေးတွေချစ်တတ်တဲ့ အနုပညာရှင်တစ်ဦးပါပဲ။ သူမကိုယ်တိုင်မွေးထားတဲ့ ခွေးလေးတစ်ကောင်လည်း ရှိသလို သူမရဲ့ လူမှုစာမျက်နှာမှာလည်း ခွေးလေးတွေနဲ့ပတ်သတ်တဲ့ ဓာတ်ပုံလေးတွေကို မကြာခဏ share လေ့ရှိသူဖြစ်ပါတယ်။

နောက်ထပ်တစ်ဦးကတော့ နာမည်ကြီး ဇာတ်ပို့သရုပ်ဆောင် ဦးခင်လှိုင်ရဲ့ သမီးလေး သဇင်ထူးမြင့်ဖြစ်ပါတယ်။ သူမကလည်း တိချစ်သူတစ်ဦးဖြစ်ပြီး တလောကမှ သူမရဲ့ သားသားလေး BomBom ဆုံးသွားလို့ ဝမ်းနည်းနေကြောင်း သိရပါတယ်။ သူမနဲ့အတူ တိချစ်သူ သန္တာဗိုလ်ကလည်း စိတ်မကောင်းဖြစ်မိကြောင်း ရေးသားထားပါသေးတယ်။

ကဲ ပရိသတ်ကြီးရေ ပရိသတ်ကြီးချစ်တဲ့ အနုပညာရှင်တွေထဲမှာလည်း တိလေးတွေ ချစ်တတ်တဲ့သူရှိရင် ပြောပြခဲ့အုန်းနော်.....

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။