မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့တယ့် အကြမ်းဖက်မှုများနှင့်ပက်သတ်ပြီး ရခိုင်ပြည်နယ်ကနေ ထွက်ပြေးသွားတဲ့ဘင်္ဂါလီတွေကို စိစစ်ပြီး ပြန်လည် လက်ခံဖို့ကိစ္စ ဆွေးနွေး ညှိနှိုင်းဖို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ဖို့ ရှိနေတယ်လို့ လူကယ်ပြန်ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။ 

ရခိုင်ဒေသအတွင်းမှာ အကြမ်းဖက်မှုတွေကြောင့် တဖက်နိုင်ငံရောက် ရှိနေတဲ့ ဒုက္ခသည် အရေအတွက်ကို အမျိုးမျိုးဖော်ပြနေပေမယ့် ၁၉၉၃ ခုနှစ် ဥပဒေနဲ့ပဲ ပြန်လည်လက်ခံမှာ ဖြစ်တဲ့အတွက် တိကျတဲ့အဖြေတခု သာရရှိမှာဖြစ်တယ်လို့ လူကယ်ပြန်ဝန်ကြီးက ပြောပါတယ်။“တောင်ပြိုလက်ဝဲ ကနေ စပြီးလက်ခံမယ်။ ကုန်းလမ်းက လာတဲ့သူတွေ ပေါ့။ ရေလမ်းက လာတဲ့သူကို ငါးခူရကနေ လက်ခံမယ်။ အဲဒီကနေ စိစစ်မယ်။ စိစစ်ပြီးလို့ရှိရင် ပြန်လည်နေရာချထားရေးကတော့ ဒါးကြီးဇားကျေးရွာလို့ လတ်တလော လျာထားတယ်"လို့ပြောပါတယ်။

သြဂုတ် ၂၅ ရက် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တကြော့ပြန်ဖြစ်ပွားတဲ့ အစွန်းရောက် အကြမ်းဖက်တွေရဲ့တိုက်ခိုက်မှုအပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ကို ထွက်ပြေးတိမ်းရှောင် နေရပ်စွန့် ခွာလာသူပေါင်း ၄ သိန်း လောက်ရှိမယ်လို့ ကုလသမဂ္ဂအရာရှိတွေက ခန့်မှန်းပြော ဆိုနေကြပါ တယ်။

သတင်းအရင်းအမြစ်-DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။