လက်ထပ်ခြင်း

၀ါလီ ဒါမှမဟုတ် အုပ်ထိန်းသူ ရဲ့ ခွင့်ပြုချက်ရမှသာ လက်ထပ်ခွင့်ရှိပါတယ်။ နိုင်ငံခြားသား နဲ့ လက်ထပ်လိုသူများဟာ ပြည်ထဲရေး ၀န်ကြီးဌာန ရဲ့ ခွင့်ပြုချက်ကို ရယူရပါတယ်။ မွတ်စလင် ဘာသာဝင် မဟုတ်သူ များနဲ့ လက်ထပ်ခြင်း ဟာ မဖြစ်နိုင်လောက်အောင် ခက်ခဲပါတယ်။

ဘဏ်အကောင့်ဖွင့်ခြင်း

ယခုအခါ အချို့အလုပ်တွေကို အမျိုးသမီးတွေကို လုပ်ခွင့်ပြုနေပြီဖြစ်သော်လည်း ကိုယ်ပိုင်ဘဏ်အကောင့်ဖွင့်ခြင်းကိုတော့ ခွင့်ပြုချက်မရှိဘဲ မရပါဘူး။

ခရီးသွားလာခွင့်

ပတ်စ်ပို့ နဲ့ တခြားသွားလာခွင့်ကဒ်တွေဟာ အမျိုးသားအုပ်ထိန်းသူ ရဲ့ ခွင့်ပြုချက်ဖြင့်သာ ရရှိနိုင်ပါတယ်။ ပြီးတော့ အိမ်မှာလဲ အမျိုးသမီးတွေကို တစ်ယောက်ထဲ ချန်ထားလို့မရပါဘူးတဲ့။

လွတ်လပ်စွာဝတ်စားဆင်ယင်ခွင့်

အလှအပအတွက် ၀တ်စားဆင်ယင်ဖို့ ခွင့်မပြုပါဘူး။ တရားမဝင်ပါဘူး။ ၀တ်စုံရှည် abayas ကို လူမြင်ကွင်းမှာ ၀တ်ဆင်ရပါတယ်။ မကြာသေးမီကမှ အရောင် နဲ့ အဆင်တန်ဆာရွေးချယ်ပိုင်ခွင့်ကို ခွင့်ပြုပေးခဲ့တာပါ။

အမျိုးသားများနဲ့ ပတ်သက်ခြင်း

မိသားစုဝင် မဟုတ်တဲ့ အမျိုးသားတွေ နဲ့ စကားပြောခြင်း၊ အတူရှိနေခြင်းတို့ကို ကန့်သတ်ထားပါတယ်။ စားသောက်ဆိုင်တွေ၊ တက္ကသိုလ်တွေ၊ နဲ့ တခြားနေရာတွေမှာ မိသားစုသီးသန့်နေရာ နဲ့ အမျိုးသားတွေ အတွက် သီးသန့်နေရာဆိုပြီး ခွဲခြားထားပါတယ်။

ကားမောင်းခြင်း

အရင်က အမျိုးသမီးတွေကို ကားမောင်းခွင့်မပြုပါဘူး။ မကြာသေးမီကမှ အမျိုးသမီးများကားမောင်းခွင့် ကို ခွင့့်ပြုပေးခဲ့တာပါ။

Source: The Independent

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။