ယမန်နေ့ညကတော့ ယူရိုပါလိဂ်အုပ်စု ဒုပွဲများ ကစားခဲ့ကြပါတယ်။ အဲဗာတန်တို့ကတော့ အပိုလွန်အသင်းနှင့် ကစားခဲ့ပါတယ်။ အဲဗာတန်တို့အနေနှင့် အိမ်ကွင်းမှာ အပိုလွန်ကို ဧည့်ခံခဲ့တာပါ။ နှစ်သင်းစလုံးက အကောင်းဆုံးကစားခဲ့ပါတယ်။ 

အဲဗာတန်တို့ကတော့ ဦးဆောင်ဂိုးကို အရင်ခွင့်ပြုပေးလိုက်ရပါတယ်။ ပွဲချိန် ၁၃မိနစ်မှာ အပိုလွန်အသင်းရဲ့ ကစားသမား ကော်ပါက သွင်းယူပေးခဲ့တာပါ။ ပွဲချိန် ၂၁မိနစ်မှာတော့ အဲဗာတန်တို့ ချေပဂိုးရခဲ့ပါတယ်။ ဒီဂိုးကို အဲဗာတန်တိုက်စစ်မှူါ် ရွန်းနီက အပိုလွန်အသင်း၏နောက်တန်းအမှားကနေ အပိုင်သွင်းယူခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ အဲဗာတန်တို့ ပိုဖိခဲ့ပါတယ်။ ၆၆မိနစ်မှာတော့ အဲဗာတန်တို့ ဦးဆောင်ဂိုးရရှိခဲ့ပြီး ဗလာဆစ်က သွင်းခဲ့တာပါ။ ပွဲချိန် ၈၆မှာ အပိုလွန်ကစားသမား ဆမ်ဘာ အနီနဲ့ထုတ်ခံခဲ့ရပါတယ်။ သို့ပေမယ့် ပွဲချိန် ၈၈မိနစ်မှာ ယုစ်တေက အပိုလွန်အတွက်ချေပဂိုးသွင်းခဲ့ပါတယ်။ ဒါ့ကြောင့် ပွဲဟာ အဲဗာတန် ၂-၂ အပိုလွန် ရလဒ်ဖြင့် အဆုံးသတ်ခဲ့ပါတယ်။

Hein (Mg Lu Aye) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။