ပြီးခဲ့သည့် သီတင်းပတ်တွင် ဆီးရီးယားနိုင်ငံအတွင်း အယ်လ်ကိုင်ဒါ တို့ဦးဆောင်သော ဂျီဟတ်ဝါဒီသူပုန်စစ်ကြောင်းများ က မြောက်ပိုင်း ဟာမာပြည် နယ်ရှိ အစိုးရထိန်းချုပ် ထားသော ဒေသများကို ကျယ် ကျယ်ပြန့့်ပြန့် ထိုးစစ်ဆင်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ ပြီးနောက် ဗုံးကြဲတိုက်ခိုက်မှုများ အသစ်ထပ်မံလုပ်ဆောင်လာခြင်း ဖြစ်ခဲ့တာပါ။

၆ လကြာ ရပ်ဆိုင်း ထားသည့် လေကြောင်း ထိုးစစ်များကို ရုရှားနှင့် ဆီးရီးယားဂျက်လေယာဉ်များက ပန်လည်စတင်လိုက်ပြီး သီတင်းတစ်ပတ်ကျော်ကြာ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သား ၁၅၀ သေဆုံးခဲ့ကာ ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း အတိုက်အခံ ကယ် ဆယ်ရေး လုပ်သားများက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်တာဖြစ်ပါတယ်။

အကြီးတန်းကယ်ဆယ်ရေး လုပ်သားတစ်ဦးဖြစ်သူ Salem Abu al Azem က “ ကျွန်တော်တို့ဟာ ရုရှားနဲ့ အစိုးရတို့ရဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း လူသေအလောင်း ၁၅၂ လောင်းကို ဆွဲထုတ်နိုင်ခဲ့ပြီး အရပ်သား ၂၇၉ ဦးကို ကယ်ဆယ်နိုင်ခဲ့ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။လေကြောင်း စီးနင်းတိုက်ခိုက်မှုများကြောင့် ပြိုပျက်ခဲ့ရသော အဆောက် အဦးအပျက်အစီးပုံထဲမှ လူသေအလောင်းများကို ဆက်လက်ဆွဲထုတ်နေ ရဆဲ ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြား ထားသည်။ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ၎င်းတို့အနေဖြင့် အစ္စလာမ္မစ်စစ်သွေးကြွ များကို တိုက်ခိုက်နေခြင်း သာဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။

သတင်းအရင်းအမြစ်-Democracy today

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။