သရုပ်ဆောင် သွန်းဆက် ခေါ် ဆရာလေးသီလနန္ဒီကတော့ ဒီနေ့မနက်မှာ ခေမာရာမသီလရှင်စာသင်တိုက်မှာ အာရုံဆွမ်းအလှူပြုခဲ့ပါတယ်။မနက်အာရုံဆွမ်းကို ဆရာလေးကတော့ သူ့ရဲ့မိသားစုနဲ့အတူ အာရုံဆွမ်းကို လှူဒါန်းခဲ့တာဖြစ်ပါတယ်။။

အေးချမ်းတဲ့ ဿသနာ့ဘောင်မှာ တရားအားထုတ်ရင်းနဲ့ ဒါနကုသိုလ်ကိုတဖက်မှ လုပ်ရင်းအေးအေးချမ်းချမ်း ဖြစ်နေပါတယ်။သရုပ်ဆောင်သွန်းဆက်ဟာ စက်တင်ဘာ(၂၅)ရက်နေ့ကို ဿသနာ့ဘောင်ကို သီလရှင်ဆရာလေးသီလနန္ဒီအဖြစ် ၀င်ရောက်ခဲ့တာဖြစ်ပြီး စက်တင်ဘာ(၃၀)ရက် နေ့အထိ ၀တ်မှာဖြစ်ပါတယ်။

အခုတော့ ဆရာလေးရဲ့အလှူဒါနပြုနေတဲ့ ပုံရိပ်တွေကို သူ့ရဲ့ဖေ့ဘုတ်ကနေပြီး နတ်၊လူသာဓုခေါ်နိုင်အောင်မျှဝေပေးခဲ့ပါတယ်။ဆရာလေးသွန်းဆက်ရဲ့ ပရိသတ်တွေကတော့ သာဓုခေါ်နေကြတယ်။ဆရာလေးသီလနန္ဒီရဲ့ အလှူပြုနေတဲ့ ပုံရိပ်တွေကို တင်ပြပေးလိုက်ပါတယ်။ 

သတင်းအရင်အမြစ် - သွန်းဆက်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။