အနုပညာလောကရဲ့ နာမည်ကြီး မင်းသမီးဖြစ်သူ ခင်ဇာခြည်ကျော်ကတော့ သူမကိုယ်သူမ ပြန်လည်သုံးသပ်နေမိတယ်လို့ ဆိုပါတယ်။ Facebook သုံးစွဲတာနဲ့ပတ်သတ်တဲ့ ကောင်းကျိုးဆိုးကျိုးတွေကို စဉ်စားမိပြီး ဆက်သုံးဖို့ မသုံးဖို့ စဉ်းစားနေကြောင်း သူမရဲ့ လူမှုစာမျက်နှာ ယခုလိုရေးသားထားတာတွေ့ရပါတယ်။

"စဉ်းစား နေ တယ် Face Book ကို ဆက် သုံးရမလား မသုံး ရဘူး လား ပေါ့!!

Fb သုံးတယ် ဆို တာ အနယ် နယ် အရပ် ရပ် က ကိုယ့် ပရိတ် သတ် တွေ နဲ ့ ဆုံ တွေ့ နိုင် တယ် ,, ဝေး ကွာ နေ တဲ ့ သူငယ် ချင်း..,, မိတိဆွေ ,, ဆွေ မျိုး တွေ နဲ ့စကား ပြော နိုင်တယ် ...,, ကိုယ် ဘာ တွေ လုပ် နေ တယ် ဆို တာ လည်း ပရိတ် သတ်သိနိုင်တယ်...! ဒါ တွေ က ကောင်း တဲ့ အချက် ပေါ့ ...!!

မ ကောင်း တဲ့ ဆိုး ကျိုး တွေ လည်း အများ ကြီးပဲ ...ပိုက် ဆံ ကုန် တယ်,, စိတ် ဒဏ်ရာ တွေ လည်းရတာ ရှိ့တယ်..,,မိတ် ပျက် ရ တာ တွေ လည်းရှိတယ်!! ရန် ဖြစ် ရတာ လည်း ရှိတယ်!! Fb ဆိုတာ မရှိ ခင် က ရော ဘယ် လို နေ ကြ လည်း???

အင်း....ပြန် သုံးသပ် ရ တော့ မယ် .!!သုံးတတ် ရင် ဆေး မသုံးတတ် ရင် ဘေး ဆိုတဲ့ အတိုင်း ကျွန်မ အတွက်

မသုံးတတ် တော့ ဘေး ထွက် ဆိုကျိုး တွေ ပဲများ လာ လို ့စဉ်း စားရ တော့ မယ်..!!

မှတ် ချက် >>>ကိုယ့်ကို ကိုယ် ပြန် လည် သုံးသပ် ခြင်း!!

#KZCK" ဆိုပြီး ရေးသားတင်ထားပါတယ်။

တလောက ဇေရဲထက်နဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေကြောင့် လူမှုစာမျက်နှာပေါ်မှာ ဝေဖန်ခံခဲ့ရတဲ့ သူမဟာ ထိုကိစ္စတွေနဲ့ပတ်သတ်ပြီး ပြန်လည်ဖြေရှင်းထားပါတယ်။ လက်ရှိမှာတော့ လူမှုကွန်ယက်သုံးစွဲမှုတွေကနေ ကလေးတွေအသုံးမမှားရလေအောင် ပညာပေးဇာတ်ကားတစ်ကား ရိုက်ကူးနေတယ်လို့ သိရပါတယ်။ 

Source: Khinzar Chikyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။