ဇာတ်ပို့သရုပ်ဆောင် ကျော်ဇင်ထွဋ်ဟာ မြန်မာဇာတ်ကားတွေမှာ ဗီလိန်ဇာတ်ရုပ်နဲ့ လူကြမ်းနေရာမှာ သရုပ်ဆောင်ရတာကြောင့် ကာရိုက်တာအရ သူ့ကို မြင်ရင် မုန်းနေတဲ့သူတွေရှိမှာပါ။ တကယ်တော့ အဲ့လိုထင်နေသူတွေ သူ့အကြောင်းကိုသေချာသိရင် ဗီလိန်တစ်ယောက်အဖြစ် မုန်းတော့မှာမဟုတ်ပါဘူး။ 

ရန်ကုန်ဖေချစ် လို့ ပရိသတ်တွေသိကြတဲ့ သရုပ်ဆောင်ကျော်ဇင်ထွဋ်က သူ့ရဲ့ လူမှုကွန်ရက်မှာ မနက်စောစောရှုတင်မသွားခင် အခုလိုရေးသားထားတာပါ။

“29-9-2017 လမ်းဘေးနေ လမ်းဘေးစား

ရမ်းးးးးးးးးး ရွံစရာကောင်းတဲ့

ရန်ကုန်ဖေချစ်လေး ........

အဝတ်အစားထုပ်လေး နဲ့ရိုက်ကွင်းသို့ သွားနေအိ

မှတ်ချက် ။ ။ လမ်းမှာတွေ့တဲ့ ချစ်ပရိတ်သတ်တွေက ဘဲကြီးက တကယ့်သဘာဝ ဘဝမင်းသားလေး ဖြစ်ပါအိတဲ့ ..... ရန်ကုန်ဖေချစ်လေး ရမ်းအားရှိသွားပြီ ၊ ရမ်းပျော်သွားပြန်အိ ။

အထူးမှတ်ချက် ။ ။ ရန်ကုန်ဖေချစ်လေး ရိုက်ကွင်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းပို့ပါအိ ။ ရန်ကုန်ဖေချစ် ဘယ်ဘဝရောက်ရောက် ရမ်းအားပေးနေတဲ့ ချစ်ပရိတ်သတ်ကြီး နဲ့ ဇာတ်ကားတွေ ရမ်းခေါ်ရိုက်ပေးတဲ့ ပရိုဂျူဆာ ၊ ဒါရိုက်တာ ၊ မင်းသား ၊ မန်နေဂျာ အားလုံးရဲ့ စေတနာတွေ ကို ရမ်းကျေးဇူးပြန်ဆက်တဲ့ အနေနဲ့ ရိုက်ကွင်းသို့ စောစောရောက်အောင် အမြဲသွားခဲ့ပါအိ”

ရိုးသားပွင့်လင်းပြီး စိတ်ထားကောင်းသလို ဘာသာတရားကိုင်းရှိုင်းသူအဖြစ် နာမည်ကြီးနေတဲ့ ဇာတ်ပို့သရုပ်ဆောင် ကျော်ဇင်ထွဋ် ဟာ အနုပညာအလုပ်တွေကို သူကျရာနေရာမှာ ကြိုးစားနေတဲ့သူဖြစ်ပါတယ်။

မိသားစုပုံရိပ်လေးတွေနဲ့ သူ့ရဲ့တစ်နေ့တာအနုပညာလှုပ်ရှားမှုတွေကို လူမှုကွန်ရက်မှာ မကြာခဏ မျှဝေလေ့ရှိပြီး ပရိသတ်တွေနဲ့ ထိတွေ့နေသူဖြစ်ပါတယ်။

သူ့ကိုသူ ရန်ကုန်ဖေချစ်လို့ အမြဲတမ်းထည့်ပြောလေ့ရှိပြီး ကိုယ့်ကိုယ်ကိုနှိမ့်ချပြောဆိုတတ်တာကလည်း သူ့ပရိသတ်တွေအတွက် လေးစားအတုယူစရာဖြစ်လို့နေပါတယ်။  

Source : Kyawzinhtut fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။