ယခုအပတ်မှာတော့ အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ် (၇)များကို ကစားသွားမှာပါ။ ပွဲကြီးပွဲကကောင်း တစ်ပွဲလည်းပါ၀င်နေပါတယ်။ ဇယားထိပ်ဆုံးမှာ မန်ချက်စတာ ၂သင်းက ဦးဆောင်နေပါတယ်။ မန်ချင်စာတယူနိုင်တက်ကတော့ ဇယားအောက်ဆုံးက ခရစ်စတယ်ပဲလေ့နှင့်ကန်ရမှာပါ။ မန်ချက်စတာစီးတီးကတော့ ချယ်ဆီးနှင့်ကစားရမှာပါ။

မန်ချက်စတာယူနို်င်တက်အနေဖြင့် အိမ်ကွင်းမှာ ခရစ်စတယ်ပဲလေ့ကို ကစားသွားမှာပါ။ မန်ချက်စတာယူနိုင်တက်က ရလဒ်ကောင်းတွေပိုင်ဆိုင်ထားပါတယ်။ တိုက်စစ်ခြေစွမ်းကောင်းတွေလည်း ပြသထားပါတယ်။ ပွဲတိုင်းလိုလိုကို ဂိုးပြတ်အနိုင်ကန်ထားတာတွေ့ရမှာပါ။

ခရစ်စတယ်ပဲလေ့ကတော့ ရလဒ်တွေဆိုးရွားနေကာ ၁မှတ်တောင်မရရှိသေးပါဘူး။ ခြောက်ပွဲကစား ခြောက်ပွဲလုံးရှုံးနိမ့်ထားတဲ့ အသင်းတစ်သင်းပါ။ မန်ချက်စတာယူနို်င်တက်ကတော့ နံပါတ်နေရာ ရဖို့ ခရစ်စတယ်ပဲလေ့ကို အနိုင်ကစားသွားမှာပါ။ မန်ချက်စတာယူနိုင်တက်အနေဖြင့် ဂိုးပြတ်နိုင်ပွဲတစ်ပွဲ ရရှိသွားမည့် ပွဲတစ်ပွဲပါပဲ။

Hein (Mg Lu Aye)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။